ဆန်းချက်ဇ်အနေဖြင့် ပွဲထွက်ကစားရန် အသင့်မဖြစ်သေးကြောင်း ကွန်တီ ပြောကြား

ဆန်းချက်ဇ်အနေဖြင့် ပွဲထွက်ကစားရန် အသင့်မဖြစ်သေးကြောင်း ကွန်တီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 September 2019

အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် ပွဲထွက်ကစားရန်အသင့်မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းနည်းပြ ကွန်တီက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် ပွဲထွက်ကစားရန်အသင့်မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်သည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက မန်ယူအသင်းမှ အင်တာမီလန်အသင်းသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

ဆန်းချက်ဇ်သည် အင်တာမီလန်အသင်းတွင် ယခုအချိန်အထိ ပွဲထွက်ခွင့်မရသေးဘဲ အရန်ကစားသမားအဖြစ် (၁)ပွဲသာပါဝင်ခွင့်ရထားသေးသည်။

ကွန်တီက မိမိအနေဖြင့် ပွဲကစားရန်အသင့်ဖြစ်နေသူများကိုသာ အသုံးပြုမည်ဖြစ်ကြောင်းနှင့် ဆန်းချက်ဇ်မှာ ပွဲထွက်ကစားရန်အဆင်မပြေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကွန်တီက ''ကျွန်တော့်အနေနဲ့ ကစားသမားတစ်ဦးတစ်ယောက်ထက် အသင်းကောင်းစားရေးကိုပဲ ဦးစားပေးတွေးပါတယ်။ ဆန်းချက်ဇ်လိုပဲ ပွဲထွက်ကစားချင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။  အခုအချိန်မှာတော့ ဆန်းချက်ဇ်ဟာ ပွဲထွကကစားဖို့အတွက် အဆင်မပြေသေးပါဘူး'' ဟုပြောကြားခဲ့သည်။

ဆန်းချက်ဇ်သည် ပြီးခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲတွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။

ယခုအခါ ဆန်းချက်ဇ်အနေဖြင့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီဖြစ်သော်လည်း ကွန်တီကမူ ၄င်းကိုပွဲထွက်အသုံးပြုရန် စောင့်ကြည့်ရဦးမည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent