အီရန်အမျိုးသမီးများအား ဘောလုံးပွဲကြည့်ခွင့်ပြုရန် FIFA ကိုယ်စားလှယ်အဖွဲ့သွားရောက်ဆွေးနွေး

အီရန်အမျိုးသမီးများအား ဘောလုံးပွဲကြည့်ခွင့်ပြုရန် FIFA ကိုယ်စားလှယ်အဖွဲ့သွားရောက်ဆွေးနွေး
Photos: Getty Images
Photos: Getty Images
Published 22 September 2019

ဘာသာရေးအယူဝါဒပြင်းထန်သည့် အီရန်နိုင်ငံတွင် အမျိုးသမီးများအား ဘောလုံးကွင်းအပါအဝင် အားကစားကွင်းများအတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် တားမြစ်ထားခြင်း မှာ ၁၉၈၁ ခုနှစ်ကတည်းကဖြစ်သည်။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးများအား ဘောလုံးကွင်း အတွင်း ဝင်ရောက်ကြည့်ရှုအားပေး ခွင့်ပြုရေးအတွက် အီရန်နိုင်ငံသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘာသာရေးအယူဝါဒပြင်းထန်သည့် အီရန်နိုင်ငံတွင် အမျိုးသမီးများအား ဘောလုံးကွင်းအပါအဝင် အားကစားကွင်းများအတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် တားမြစ်ထားခြင်း မှာ ၁၉၈၁ ခုနှစ်ကတည်းကဖြစ်သည်။ 

ပြီးခဲ့သည့်နှစ်က အမျိုးသားပုံစံဝတ်ဆင်၍ ဘောလုံးပွဲကြည့်ရှုခဲ့သည့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး "Blue Girl" ဟု လူသိများသည့် အဆိုပါအမျိုးသမီးသည် ယခုလဆန်းပိုင်းက တရားရုံးအပြင်ဘက်တွင် မိမိကိုယ်ကိုယ်မီးရှို့ဆန္ဒပြခဲ့သည့် ဒဏ်ရာများကြောင့် စက်တင်ဘာ ၈ ရက်တွင် ကွယ်လွန်သွားခဲ့သည်။ 

သို့ဖြစ်ရာ အီရန်အစိုးရအပေါ် ဖိအားများရှိနေစဉ် FIFA ကိုယ်စားလှယ်အဖွဲ့က တီဟီရန်သို့သွားရောက်၍ အားကစားဝန်ကြီးအပါအဝင် တာဝန်ရှိသူများ နှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အီရန်ဘက်ကမူ အောက်တိုဘာတွင် ကမ္ဘောဒီးယားနှင့်ကစားမည့်ပွဲ၌ ကြည့်ရှုခွင့်ပြုရန် ကတိပြုထားသည်။

Most Read

Most Recent