မေဆန်မောင့်သည် ဗလင်စီယာကွင်းလယ်လူ ကိုကီလင်၏ ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်တွင် ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၁၆)မိနစ်၌ သူ့အား လူစားလဲခဲ့ရသည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် ချယ်လ်ဆီး (၀-၁) ဗလင်စီယာပွဲတွင် ဒဏ်ရာရရှိခဲ့သော ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့် (၂၀ နှစ်) သည် ယခုတစ်ပတ် တနင်္ဂနွေနေ့တွင် ကစားမည့် ချယ်လ် ဆီး - လီဗာပူးလ်ပွဲ၌ ပါဝင်ကစားနိုင်ရန် မျှော်လင့်နေ ကြောင်း သိရသည်။
မေဆန်မောင့်သည် ဗလင်စီယာကွင်းလယ်လူ ကိုကီလင်၏ ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်တွင် ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၁၆)မိနစ်၌ သူ့အား လူစားလဲခဲ့ရသည်။

သူ၏ဒဏ်ရာမှာ မူလထင်ထားသလောက် စိုးရိမ်စရာမရှိ၍ လီဗာပူးလ်နှင့် ကစားမည့်ပွဲတွင် ပြန်လည်ပါဝင် ကစားနိုင်ရန် မေဆန်မောင့်က မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရှိရသည်။