အန်သိုနီဂျိုရှူအာနှင့် မကျေပွဲထိုးပြီးမှသာဒီယွန်တေးဝိုင်လ်ဒါ၊ တိုင်ဆန်ဖျူရီတို့နှင့်ထိုးသတ်ရန်စဉ်းစားမည်ဟု ဟဲဗီးဝိတ်ချန်ပီယံ အန်ဒီရုဇ် ဆို

အန်သိုနီဂျိုရှူအာနှင့် မကျေပွဲထိုးပြီးမှသာဒီယွန်တေးဝိုင်လ်ဒါ၊ တိုင်ဆန်ဖျူရီတို့နှင့်ထိုးသတ်ရန်စဉ်းစားမည်ဟု ဟဲဗီးဝိတ်ချန်ပီယံ အန်ဒီရုဇ် ဆို
Photos: Getty Images
Photos: Getty Images
Published 22 September 2019

အန်ဒီရုဇ်နှင့် ဂျိုရှူအာတို့၏ မကျေပွဲကို ဒီဇင်ဘာ ၇ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပွဲအနိုင်ရမှသာ WBC ချန်ပီယံ အမေရိကန်လက်ဝှေ့သမား ၀ိုင်လ်ဒါ (သို့မဟုတ်) WBA (Super)၊ IBF၊ WBO၊ IBO ချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား တိုင် ဆန်ဖျူရီနှင့်ထိုးသတ်ရန် စဉ်းစား မည်ဟု ၎င်းက ပြောကြားခြင်းဖြစ်သည်။

WBA (Super)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ အမေရိကန်-မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်က ဗြိတိန်လက် ဝှေ့သမား အန်သိုနီဂျိုရှူအာနှင့် မကျေပွဲထိုးပြီးမှသာ ဒီယွန်တေးဝိုင်လ်ဒါ၊ တိုင်ဆန်ဖျူရီတို့နှင့်ထိုးသတ်ရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားသည်။

အန်ဒီရုဇ်နှင့် ဂျိုရှူအာတို့၏ မကျေပွဲကို ဒီဇင်ဘာ ၇ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပွဲအနိုင်ရမှသာ WBC ချန်ပီယံ အမေရိကန်လက်ဝှေ့သမား ၀ိုင်လ်ဒါ (သို့မဟုတ်) WBA (Super)၊ IBF၊ WBO၊ IBO ချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား တိုင် ဆန်ဖျူရီနှင့်ထိုးသတ်ရန် စဉ်းစား မည်ဟု ၎င်းက ပြောကြားခြင်းဖြစ်သည်။

 "တကယ်တော့ ကျွန်တော့်အတွက် ခါးပတ်တစ်ခုတည်းလိုတော့တာပါ။ အဲဒီခါးပတ်တစ်ခုက ဟဲဗီးဝိတ်တန်းရဲ့ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ချန်ပီယံဖြစ်လာစေမှာပါ။ အဲဒါ က ကျွန်တော့်ရည်မှန်းချက်ပါပဲ။ ဒါပေမဲ့ အန်သိုနီဂျိုရှူအာကိုကျော် ပြီးတော့ ဒီကိစ္စတွေကို မစဉ်းစားထား ပါဘူး။ ကျွန်တော် သူ့ကိုတစ်ကြိမ်ထက်မက အနိုင်ရချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကံကောင်းလို့အနိုင်ရတာဆိုပြီး ဝေဖန်မှုတွေ တော်တော်ရှိနေလို့ပါ။ အဲဒီ အနုတ်လက္ခဏာဆောင်တဲ့ခွန်အား တွေကို အပြုသဘောဆောင်တဲ့ ခွန်အားတွေအဖြစ် အသုံးချပြီး အနိုင်ရအောင် ထိုးသတ်သွားမှာပါ။ သူနဲ့ ထိုးရမယ့်ပွဲ အနိုင်ရဖို့ပဲ အာရုံစိုက်ထားပါတယ်။ အဲဒီပွဲ နိုင်ပြီးတော့မှ ဒီယွန်တေးဝိုင်လ်ဒါ၊ တိုင်ဆန်ဖျူရီ တို့နဲ့ ထိုးသတ်နိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

အန်ဒီရုဇ်သည် ပြီးခဲ့သည့် ဇွန် တွင် ဂျိုရှူအာကို သတ္တမအချီ၌ အလဲထိုးဖြင့် အနိုင်ရထားသည်။

Most Read

Most Recent