အသက် ၁၆ နှစ်သာရှိသေးသည့် အန်ဆူဖာတီသည် ဘာစီလိုနာအတွက် အသက်အငယ်ဆုံး လာလီဂါဂိုးသွင်းသူ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ပွဲထွက်ပါဝင်ကစားခွင့်ရသူနှင့် လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် တစ်ပွဲအတွင်းဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု ပြုလုပ်နိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းရေးထိုးထားသူ ဖြစ်သည်။
ဘာစီလိုနာအသင်း၏ ဂီနီဘစ်ဆော နိုင်ငံဖွား ကြယ်ပွင့်ကစားသမား အန်ဆူဖာတီသည် စပိန်နိုင်ငံ သားခံယူခွင့်ရခဲ့ကြောင်း အစိုးရ၏ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
အသက် ၁၆ နှစ်သာရှိသေးသည့် အန်ဆူဖာတီသည် ဘာစီလိုနာအတွက် အသက်အငယ်ဆုံး လာလီဂါဂိုးသွင်းသူ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ပွဲထွက်ပါဝင်ကစားခွင့်ရသူနှင့် လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် တစ်ပွဲအတွင်းဂိုးသွင်းယူမှုနှင့် ဂိုးဖန်တီးမှု ပြုလုပ်နိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းရေးထိုးထားသူ ဖြစ်သည်။

၎င်းသည် အာဖရိကအနောက်ပိုင်း ဂီနီဘစ်ဆောနိုင်ငံ၌ မွေးဖွားခဲ့သော်လည်း ခြောက်နှစ်အရွယ်ကတည်းက စပိန်နိုင်ငံ ဆီဗီးလ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၁၀ နှစ် အရွယ်တွင် ဘာစီလိုနာအသင်း၏ နာမည်ကျော် လာမာစီယာအကယ်ဒမီ၌တက်ရောက် သင်ကြားခွင့်ရခဲ့သည်။

အန်ဆူဖာတီသည် စပိန်နိုင်ငံ၌ ၁၀ နှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်သောကြောင့် နိုင်ငံသားအဖြစ် ခံယူခွင့်ရရှိခြင်းဖြစ်ပြီး ပထမဆုံးပြိုင်ပွဲအဖြစ် အောက်တိုဘာတွင် ကျင်းပမည့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံရဖွယ်ရှိနေသည်။ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီကမူ ၎င်းကိုရွေး ချယ်ပါက အသင်းအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။