ပွဲတိုင်းနီးပါးဂိုးပေးနေရသည့် ခံစစ်အတွက် ကလော့ပ် ကာကွယ်ပြောကြားပြီးပေးဂိုးမရှိစံချိန်အတွက်မဟုတ်ဘဲ နိုင်ပွဲရရန်ကစားနေခြင်းဖြစ်ဟု တုံ့ပြန်

ပွဲတိုင်းနီးပါးဂိုးပေးနေရသည့် ခံစစ်အတွက် ကလော့ပ် ကာကွယ်ပြောကြားပြီးပေးဂိုးမရှိစံချိန်အတွက်မဟုတ်ဘဲ နိုင်ပွဲရရန်ကစားနေခြင်းဖြစ်ဟု တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 22 September 2019

လီဗာပူးလ်အသင်းသည် ယခုတစ်ပတ် ချယ်လ်ဆီးအသင်းနှင့်ပွဲမတိုင်မီ ပရီးမီးယားလိဂ်ပွဲစဉ်ငါးပွဲ၊ ကွန်မြူနတီဒိုင်း၊ ဥရောပစူပါဖလားနှင့် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲစီ ယှဉ်ပြိုင်ကစားထားရာ ဘန်လေအသင်းနှင့် တစ်ပွဲတည်းသာပေးဂိုးမရှိ Clean Sheet ကစား နိုင်ခဲ့ပြီး ကျန်ခုနစ်ပွဲတွင် ကိုးဂိုးအထိခွင့်ပြုထားရသည်။ 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ယခုရာသီတွင် ပွဲတိုင်းနီးပါး ဂိုးပေးနေရသည့် ခံစစ်ပိုင်းအတွက် ကာကွယ်ပြောကြားပြီး ပေးဂိုးမရှိစံချိန်ရရှိရန်ထက် နိုင်ပွဲရရှိရန် ကစားနေခြင်းဖြစ်ကြောင်း တုံ့ပြန် ခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုတစ်ပတ် ချယ်လ်ဆီးအသင်းနှင့်ပွဲမတိုင်မီ ပရီးမီးယားလိဂ်ပွဲစဉ်ငါးပွဲ၊ ကွန်မြူနတီဒိုင်း၊ ဥရောပစူပါဖလားနှင့် ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲစီ ယှဉ်ပြိုင်ကစားထားရာ ဘန်လေအသင်းနှင့် တစ်ပွဲတည်းသာပေးဂိုးမရှိ Clean Sheet ကစား နိုင်ခဲ့ပြီး ကျန်ခုနစ်ပွဲတွင် ကိုးဂိုးအထိခွင့်ပြုထားရသည်။ 

သို့ဖြစ်ရာ ချယ်လ်ဆီးအသင်း နှင့်ပွဲတွင် ခံစစ်ပိုင်းချဉ်းကပ်ပုံပြောင်းလဲရန် အစီအစဉ်ရှိမရှိ သတင်းထောက်များက မေးမြန်းစဉ် ကလော့ပ်က " မရှိပါဘူး။ အပြောင်းအလဲဘာမှမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ တိုက်စစ်ပိုင်း ကိုပဲအာရုံပိုစိုက်နေတာမဟုတ်သလို ခံစစ်ပိုင်းကိုလည်း မမေ့ထားပါဘူး။ ပေးထားရတဲ့ဂိုးတွေကလည်း ပုံမှန်မဟုတ်ဘဲ တကယ်ထူးခြားပါတယ်။ ဆောက်သမ်တန်နဲ့ ပွဲမှာသာ ဂိုးမပေးရဘူးဆိုရင် Clean Sheet နှစ်ပွဲ ရထားမှာပါ။  တခြားပွဲတွေမှာလည်း Clean Sheet ရနိုင်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။ တကယ်တော့ ဒီလိုအခြေအနေမျိုး ကျွန်တော်လုံးဝမဖြစ်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က Clean Sheet များများရဖို့ ကြိုးစားနေ တာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ နိုင်ပွဲတွေရအောင်ကစားနေတာ ဖြစ်ပြီး အခုမှ ရာသီအစပဲရှိပါသေးတယ်" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ထို့အပြင် ကလော့ပ်က လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် ချယ်လ်ဆီးအသင်းကိုလည်း ချီးကျူးခဲ့ပြီး ဒေါ့မွန်အသင်းအား မိမိကိုင်တွယ်စဉ်ကအချိန်ကို ပြန်လည်သတိရမိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ 

"သူတို့က တကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်းပါ။ သူတို့ကိုကြည့်ရတာ ဒေါ့မွန်အသင်းကို ကျွန်တော်ကိုင်တွယ်ခဲ့တဲ့အချိန်ကိုတောင် သတိရမိပါသေးတယ်။ အဲဒီအသင်းက ချယ်လ်ဆီးထက်တောင် ပိုငယ်ဦးမှာပါ။ ချယ်လ်ဆီးအသင်းက နွေရာသီမှာ ခရစ္စတီယန်ပူလီဆစ်ကိုဝယ်ခဲ့တယ်။ တမ်မီအေဘရာဟမ်၊ မေဆန်မောင့်၊ ဟတ်ဆန်အိုဒွိုင်းတို့ အားလုံးကလည်း သူ့တန်ဖိုးနဲ့ တန်းတူရှိကြသူတွေပါ" ဟု ၎င်းက ချီးကျူးပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းတွင် ကွင်းလယ်လူ ကွန်တေ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး မေဆန်မောင့်မှာလည်း ပါဝင်ကစားခွင့်ရရန် ကြိုးပမ်း နေကြောင်း သိရသည်။

Most Read

Most Recent