ယူရိုပါလိဂ်ဝင်ခွင့် အဆင့် (၆) နေရာပင် အာမခံချက်မရှိဟု လမ်းပတ် ဝန်ခံ

ယူရိုပါလိဂ်ဝင်ခွင့် အဆင့် (၆) နေရာပင် အာမခံချက်မရှိဟု လမ်းပတ် ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 15 September 2019

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ကစားသမားသစ် မှတ်ပုံတင်ခွင့်ပိတ်ပင်ခံထားရပြီး ဟာဇက်ကဲ့သို့ အဓိက ကစားသမားလက်လွှတ်ဆုံးရှုံးထားရသည့်အပြင် ပြိုင်ဘက်အသင်းများ၏ ပြင်ဆင်အားဖြည့်မှုကြောင့် လမ်းပတ်က ယခုလို သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ယခုရာသီတွင် ယူရိုပါလိဂ်ဝင်ခွင့် အဆင့် (၆) နေရာအတွက်ပင် အာမခံချက် မရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ကစားသမားသစ် မှတ်ပုံတင်ခွင့်ပိတ်ပင်ခံထားရပြီး ဟာဇက်ကဲ့သို့ အဓိက ကစားသမားလက်လွှတ်ဆုံးရှုံးထားရသည့်အပြင် ပြိုင်ဘက်အသင်းများ၏ ပြင်ဆင်အားဖြည့်မှုကြောင့် လမ်းပတ်က ယခုလို သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဝုလ်ဗ်အသင်းနှင့်ပွဲတိုင်မီ ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ၎င်းက "ကျွန်တော်တို့အနေနဲ့ တခြားအသင်းတွေနဲ့တန်းတူ အမြဲယှဉ်ပြိုင်ခွင့်ရချင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေကိုလည်း သေချာ နားလည်ထားပါတယ်။ အေဒင် (ဟာဇက်) ထွက်သွားသလို ပြီးခဲ့တဲ့ရာသီမှာ နံပါတ် ၉ နေရာ ပုံမှန်ကစားခဲ့သူနှစ်ဦးလည်း ထွက်သွားပါတယ်။ သူတို့ နေရာမှာ လူငယ်ကစားသမားတွေရောက်လာပေမဲ့ လိုအပ်ချက်တွေရှိပါသေးတယ်။ ဒါတွေက ဇာတ်လမ်းသက်သက်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဗာတန်၊ ဝက်စ်ဟမ်း၊ လက်စတာတို့လို ရင်းနှီးမြှုပ်နှံမှုသေချာလုပ်ထားတဲ့အသင်းတွေကိုကြည့်ရင် မြင်နိုင်ပါ တယ်။ ထိပ်ဆုံးလေးနေရာရမယ့်အသင်းတွေကို ရာသီစကတည်းက ချရေးထားလို့ဖြစ်နိုင်ပေမဲ့ ထိပ်ဆုံးခြောက်သင်းကိုတော့ ရေးထားလို့မရပါဘူး။ အသင်းတွေက သေချာပြင်ဆင်ထားကြပါတယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent