လာကာဇက်အနေဖြင့် ခြေချင်းဝတ်ဒဏ်ရာကို ရက်သတ္တပတ်အတန်ကြာ ခံစားနေရသော်လည်း ပါဝင်ကစားနေခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ အနားယူရန်လိုအပ်နေကြောင်း သိရသည်။
အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် အောက်တိုဘာမှ ပြန်လည်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လာကာဇက်အနေဖြင့် ခြေချင်းဝတ်ဒဏ်ရာကို ရက်သတ္တပတ်အတန်ကြာ ခံစားနေရသော်လည်း ပါဝင်ကစားနေခြင်းဖြစ်ပြီး လက်ရှိအခြေအနေအရ အနားယူရန်လိုအပ်နေကြောင်း သိရသည်။

၎င်းအနေဖြင့် အောက်တိုဘာမှ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း အာဆင်နယ်အသင်းက အတည်ပြုထုတ်ပြန်ရာ ဝက်ဖို့ဒ်၊ ဗီလာ၊ မန်ယူအသင်းတို့နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များအပါအဝင် ယူရိုပါလိဂ် နှင့် လိဂ်ဖလားပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိနေသည်။
လာကာဇက်သည် အာဆင်နယ်အသင်းအတွက် အားထားရသူဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူပေးထားကြောင်း သိရသည်။