စပါးနဲ့ ချယ်လ်ဆီးတို့ ဂိုးပြတ်နိုင်ပြီး အိမ်ကွင်းမှာ နိုင်ပွဲပြန်ရခဲ့တဲ့ မန်ယူ

စပါးနဲ့ ချယ်လ်ဆီးတို့ ဂိုးပြတ်နိုင်ပြီး အိမ်ကွင်းမှာ နိုင်ပွဲပြန်ရခဲ့တဲ့ မန်ယူ
Photos: Twitter
Photos: Twitter
Published 14 September 2019

ပရီးမီးယားလိဂ်ပွဲစဉ် (၅) ရဲ့ စနေညပွဲစဉ်တွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ နိုင်ပွဲရရှိခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၅) ရဲ့ စနေညပွဲစဉ်တွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ နိုင်ပွဲရရှိခဲ့ကြပါတယ်။

စပါးအသင်းဟာ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပထမပိုင်းသွင်းဂိုးတွေကြောင့် (၄-၀) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ စပါးအသင်းရဲ့ ပွဲထွက်စာရင်းမှာ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်တို့နဲ့ လူစုံခဲ့ပြီး ပဲလေ့စ်အသင်းကို ဂိုးပြတ်အနိုင်ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

စပါးအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် (၁၀) မိနစ်နဲ့ (၂၃) မိနစ်မှာ ဆွန်ဟောင်မင်၊ (၂၁) မိနစ်မှာ ဗန်အန်ဟော့ (OG)နဲ့ (၄၂) မိနစ်မှာ လာမယ်လာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

မန်ယူအသင်းကို ဒုက္ခပေးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ စပါးအသင်းကို အဝေးကွင်းမှာ မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်အရှုံးပေးလိုက်ရတာလည်း ဖြစ်ပါတယ်။

 

 

ဝုလ်ဗ်နဲ့ ချယ်လ်ဆီးပွဲမှာတော့ အဝေးကွင်းမှာ လာကစားတဲ့ ချယ်လ်ဆီးအသင်းက လူငယ်ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့အတူ (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

လမ်းပတ်လက်ထက်မှာ တိုက်စစ်ကစားပုံကောင်းမွန်တဲ့ ချယ်လ်ဆီးအသင်းဟာ ပထမပိုင်းမှာတင် (၃) ဂိုးပြတ်နိုင်နေခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းအတွက် ဂိုးတွေကို တိုက်စစ်မှူး အေဘရာဟမ်က (၃၄)၊ (၄၁) နဲ့ (၅၅) မိနစ်တွေမှာ ဟက်ထရစ် သွင်းယူခဲ့ပြီး ကျန်နှစ်ဂိုးကိုတော့ တိုမိုရီ (၃၁ မိနစ်)နဲ့ မေဆန်မောင့် (၉၀ မိနစ်) တို့က သွင်းယူခဲ့တာပါ။ 

ဝုလ်ဗ်အသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် (၆၉) မိနစ်မှာ အေဘရာဟမ် (OG)နဲ့ (၈၅) မိနစ်မှာ ကူထရိုနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်နောက်ဆုံး (၃) ပွဲမှာ (၇) ဂိုးသွင်းထားတဲ့ အေဘရာဟမ်ကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ပွဲတည်းအတွင်း ဟက်ထရစ်ရော OG ပါ သွင်းတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

 

မန်ယူနဲ့ လက်စတာပွဲစဉ်မှာတော့ အိမ်ရှင် မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်ရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့အတူ (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ချယ်လ်ဆီးကို နိုင်ပြီးကတည်းက နိုင်ပွဲပျောက်ဆုံးနေတဲ့ မန်ယူအသင်းဟာ ဒီပွဲမှာလည်း ရုန်းကန်ခဲ့ရပါတယ်။ 

မန်ယူအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် (၈) မိနစ်မှာ ရပ်ရှ်ဖို့ဒ်က သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို ကန်သွင်းယူခဲ့တာပါ။

ဒီပွဲမှာ နှစ်သင်းစလုံးဂိုးသွင်းခွင့်တွေ ရခဲ့ကြပြီး လက်စတာဘက်က အပိုင်ဂိုးသွင်းချက်တချို့ကို ဒီဟေးယား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် မန်ယူတို့ သက်သာခဲ့တာပါ။ ရပ်ရှ်ဖို့ဒ်ရဲ့ ဖရီးကစ်ကန်ချက်တစ်ကြိမ် ဘားတန်းထိထွက်ခဲ့တာလည်း မန်ယူအတွက် နစ်နာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်ပွဲစဉ် (၅) အပြီးမှာတော့ စပါး၊ မန်ယူနဲ့ ချယ်လ်ဆီးတို့ဟာ (၈) မှတ်စီ ရရှိထားကြပြီး ထိပ်ဆုံးက လီဗာပူးလ်(၁၅ မှတ်)နဲ့တော့ (၇) မှတ်ကွာဟနေပါတယ်။

 

Most Read

Most Recent