ရီးယဲလ်မက်ဒရစ် နှင့် လီဗန်တေး (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ညနေ ၅း၃၀ နာရီ)
အသစ်ရောက်လာတဲ့သူတွေကို အားကိုးလို့မရသေးဘဲ လူဟောင်းတွေရဲ့အားနဲ့သွားနေရတဲ့ ဇီဒန်းနဲ့ ရီးယဲလ်မက်ဒ ရစ်ကလည်း ရာသီအစအထိုင်မကျသေးဘူး။ ထုံးစံအတိုင်း ခံ စစ်အားနည်းမှု ကြုံနေရဆဲဖြစ်ပြီး ခံစစ်မှာ ပြောင်းလဲစမ်းသပ် နိုင်စရာ ကစားသမားအင်အားလည်း မရှိသလောက်ဖြစ်နေ သေးတယ်။ ဒီကြားထဲ ဒဏ်ရာနဲ့ပွဲပယ်ပြဿနာတွေပါ ရင်ဆိုင် နေရပြီး အခုပွဲလည်း ဗီလာရီးယဲလ်နဲ့ပွဲတုန်းက (၂)၀ါ၊ (၁)နီနဲ့ အထုတ်ခံထားရတဲ့ ဘေးလ်ပါဝင်ခွင့်မရှိပြန်ဘူး။ ဒါကြောင့် အခုပွဲအတွက် ဇီဒန်းမှာ တိုက်စစ်ပိုင်းပါ ပြဿနာရှိလာနိုင် တယ်။ ဒါ့အပြင် ဒီပွဲပြီးရင် ချန်ပီယံလိဂ်မှာ PSG နဲ့ပါကစားရဖို့ ရှိနေလို့ အခုပွဲ လူထုတ်ပုံ အပြောင်းအလဲတွေပါရှိနေနိုင်တယ်။ လီဗန်တေးကလည်း ပြီးခဲ့တဲ့ရာသီက ဘာနေဗျူးမှာ ရီးယဲလ် ကို အနိုင်ကစားထားတဲ့အသင်းဖြစ်ပြီး ရီးယဲလ်နဲ့တွေ့တဲ့ နောက်ဆုံး (၄)ပွဲမှာလည်း (၁)ပွဲသာရှုံးထားလို့ အခုပွဲလည်း ကောင်းကောင်းဒုက္ခပေးဦးမှာပါ။ ဘာနေဗျူးဆိုပေမယ့် လက် ရှိအခြေအနေအရတော့ လီဗန်တေးနဲ့ ဂိုးအများပဲကြိုက်တယ်။
လီဟာနက်စ် နှင့် ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၈း၃၀ နာရီ)
လီဟာနက်စ်အရှုံးနွံထဲက ပြန်ထွက်နိုင်ဖို့ အခုအိမ်ကွင်း ပွဲမှာ ပိုအားထုတ်လာနိုင်တယ်။ ဗီလာရီးယဲလ်ရဲ့ ခြေစွမ်းနဲ့ ခံစစ် ပိုင်း အားနည်းနေသလို၊ ကစားရမှာလည်း အဝေးကွင်းဖြစ်လို့ ဗီလာရီးယဲလ် မလွယ်လောက်ဘူး။ အိမ်ရှင်နဲ့ ဂိုးအများပါပဲ။

ဆိုစီဒက် နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် ည ၁၁းဝ၀ နာရီ)
အဝေးကွင်းဖြစ်နေလို့ အက်သလက်တီကိုကို သတိထား ဖို့တော့လိုလိမ့်မယ်။ အက်သလက်တီကို တိုက်စစ်ဖွင့်ကစားခဲ့ တဲ့ အီဘာနဲ့ပွဲမှာ ခံစစ်ပိုင်းက လျော့သွားသလိုတွေ့ရတယ်။ ဒါကြောင့် အက်သလက်တီကိုကတော့ သူတို့အားသာတဲ့ ခံစစ် ကစားပုံအပေါ်မှာပဲ အားကိုးနေရဆဲဆိုတာတွေ့နေရတယ်။ အ ခုပွဲကလည်း အဝေးကွင်းမှာဆိုတော့ အက်သလက်တီကို စွန့် စားပြီး တိုက်စစ်ပိုင်းစမ်းသပ်မယ့်ပုံမရှိဘူး။ ဒီပွဲအပြီး ချန်ပီယံ လိဂ်မှာလည်း ဂျူဗင်တပ်စ်နဲ့ကစားရဖို့ရှိနေသေးလို့ အခုပွဲမှာ အက်သလက်တီကို အင်အားချွေတာရင်း ပြိုင်ဘက်ရဲ့အမှားကို စောင့်ကစားသွားဖို့များနေတယ်။ ဆိုစီဒက်ကတော့ ဒီရာသီအ တွက် ပထမဆုံးအိမ်ကွင်းပွဲဖြစ်လို့ အရင်ပွဲတွေထက် ပိုအား ထည့် ကစားလာနိုင်ဖို့များနေတယ်။ အိမ်ကွင်းဆိုရင် တိုက်စစ် ကို ပိုဖွင့်ကစားတတ်လေ့ရှိပေမယ့် ခံစစ်ပိုင်း အားလျော့သွား တတ်တာကတော့ ဆိုစီဒက်ရဲ့အားနည်းမှုလိုပဲ ဖြစ်နေသေး တယ်။ ဒီပွဲကိုတော့ ဂိုးနည်းသရေပွဲလောက်ပဲ မှန်းထားချင်တယ်။
ဘာစီလိုနာ နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၅ ရက် နံနက် ၁း၃၀ နာရီ)
ဘာစီလိုနာရဲ့ ရာသီအဖွင့်ကတော့ သိပ်မလှပါဘူး။ တိုက်စစ်ပိုင်းလူမစုံသေးမှုနဲ့အတူ ဘာစီလိုနာအတော်လေးရုန်း ကန်နေရပြီး အဝေးကွင်း (၂)ပွဲစလုံးလည်း နိုင်ပွဲမရခဲ့ဘူး။ အခု ရင်ဆိုင်ရမယ့် ဗလင်စီယာကလည်း ဘာစီလိုနာကိုအခက်တွေ့ အောင် တုံ့ပြန်နိုင်တဲ့အသင်းဖြစ်ပြီး နောက်ဆုံးတွေ့ထားတဲ့ (၃)ကြိမ်စလုံး ဘာစီလိုနာအနိုင်မရခဲ့ဘူး။ ဒီပွဲမှာ မက်ဆီနဲ့ ဆွာ ရက်ဇ် ပြန်ကစားနိုင်ခဲ့ရင်တောင် ဘာစီလိုနာရဲ့ အားနည်းနေ ဆဲခံစစ်ကို ပြင်ဆင်မထားနိုင်ရင် ဘာစီလိုနာအိမ်ကွင်းဆိုပေ မယ့် ရုန်းကန်ရဦးမယ့်ပုံပါပဲ။ ဗလင်စီယာကလည်း ရာသီအစ ခြေစွမ်းအားရစရာမရှိသေးပေမယ့် အဝေးကွင်းပွဲတွေမှာတော့ ခံစစ်ကို ကောင်းကောင်းကစားနိုင်တဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ (၃)ပွဲမှာလည်း ပေးဂိုး (၂)ဂိုးသာရှိခဲ့လို့ ဘာစီလိုနာတိုက်စစ်အ စွမ်းကို အစမ်းသပ်ခံမယ့်အသင်းလို့ပြောလို့ရတယ်။ ဗလင်စီ ယာတိုက်စစ် အဝေးကွင်းမှာ ပိုရုန်းကန်ရတဲ့အပြင် ခံစစ်က လည်း အားနည်းနေလို့ ဒီပွဲလည်း နူးကမ့်မှာ အိမ်ရှင်ကို သိပ် မျှော်လင့်လို့မရတာအမှန်ပါပဲ။ သရေကျသွားနိုင်တယ်။















