လာမည့်နှစ်ပိုင်းအတွင်း မိမိ၏ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးဖျက်လိမ့်မည်ဟု ရွန်နီ ခန့်မှန်း

လာမည့်နှစ်ပိုင်းအတွင်း မိမိ၏ဂိုးသွင်းစံချိန်ကို ဟာရီကိန်း ချိုးဖျက်လိမ့်မည်ဟု ရွန်နီ ခန့်မှန်း
Photos: Getty Images
Photos: Getty Images
Published 13 September 2019

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ရွန်နီက စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည့် မိမိ၏ဂိုးသွင်းစံချိန်ကို လာမည့်နှစ်ပိုင်းအတွင်း ချိုးဖျက်နိုင်လိမ့်မည်ဟု ခန့်မှန်းပြောကြားခဲ့သည်။ 

အသက်(၂၆) နှစ်ရှိ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းသည် အင်္ဂလန်အတွက် (၄၁)ပွဲကစားထား ပြီး (၂၆)ဂိုးသွင်းယူပေးထားသည်။ 

ရွန်နီက "ဘော်ဘီချာလ်တန်လို ကျွန်တော့်ရဲ့ဂိုးသွင်းစံချိန်က နှစ်(၅၀)လောက်တည်မြဲနေမယ်လို့ မထင်ပါဘူး။ ကျွန်တော့်စံချိန်ကို လာမယ့်(၂)နှစ်၊ (၃)နှစ်အတွင်းမှာ ဟာရီကိန်းက ချိုးဖျက်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

အသက် (၃၃) နှစ်အရွယ်ရှိ ရွန်နီသည် အင်္ဂလန်လက်ရွေးစင်အသင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၁၅) နှစ်ကြာကစားခဲ့ပြီး ပွဲ (၁၂၀)တွင် (၅၃) ဂိုးသွင်းကာ စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။ 

ဟာရီကိန်းသည် လက်ရှိတွင် အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံးသွင်းသူစာရင်းတွင် (၂၆) ဂိုးဖြင့် အဆင့် (၁၄) နေရာ၌ ရပ်တည်နေပြီး ရွန်နီ၏ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ရန် (၂၈) ဂိုးအထိ သွင်းယူရန် လိုအပ်နေသေးသည်။

Most Read

Most Recent