စတန်ကော်လီမိုးက ရပ်ရှ်ဖို့ဒ်အနေဖြင့် ၎င်းနှင့်အသင့်တော်ဆုံးနေရာတစ်ခုကို ရွေးသင့်ပြီး ယခုကဲ့သို့ဆက်သွားမည်ဆိုပါက ဝေါလ်ကော့ကဲ့သို့ ခြေစွမ်းပျောက်သွားနိုင်သည်ဟု သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်ကစားသမားဟောင်း စတန်ကော်လီမိုးက မန်ယူလူငယ်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အနေဖြင့် ၎င်းနှင့် အသင့်တော်ဆုံးနေရာကို မရှာနိုင်ပါက ဝေါလ်ကော့ကဲ့သို့ဖြစ်သွားနိုင်သည်ဟု သတိ ပေးပြောကြားခဲ့သည်။
အသက်(၂၁)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် မန်ယူနှင့် အင်္ဂလန်အသင်းတို့တွင် အထောင်တိုက်စစ်နှင့် တောင်ပံ တိုက်စစ်နေရာများတွင် ကစားနေရသူဖြစ်သည်။ စတန်ကော်လီမိုးက ရပ်ရှ်ဖို့ဒ်အနေဖြင့် ၎င်းနှင့်အသင့်တော်ဆုံးနေရာတစ်ခုကို ရွေးသင့်ပြီး ယခုကဲ့သို့ဆက်သွားမည်ဆိုပါက ဝေါလ်ကော့ကဲ့သို့ ခြေစွမ်းပျောက်သွားနိုင်သည်ဟု သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက " ရပ်ရှ်ဖို့ဒ်အနေနဲ့ ဒါကို ဂရုမစိုက်ဘူးဆိုရင် သူဟာ ဝေါလ်ကော့လက်သစ် ဖြစ်သွားပါလိမ့်မယ်။ သူ့အနေနဲ့ ဘယ်နေရာမှာကစားတာ သူနဲ့ အသင့်တော်ဆုံးလဲဆိုတာကို ရွေးသင့်ပါတယ်။ ကစားသမား တစ်ယောက်အနေနဲ့ တိုက်စစ်နေရာစုံမှာ ကစားနိုင်တာဟာ ဂုဏ်ယူစရာဖြစ်ပေမယ့် အားလုံးကိုသိတာထက် တစ်နေရာမှာ ထူးချွန်တာက ပိုကောင်းပါတယ်"ဟု ဆိုခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲတွင် (၂)ဂိုးသွင်းယူထားသော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းအား (၂-၁)ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ပယ်နယ်တီလွဲခဲ့သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။















