စီးရီးအေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုရရှိနေသည့် တစ်နှစ်လစာငွေမှာ ဒုတိယအများဆုံးကစားသမားထက် သုံးဆနီးပါးပိုများနေကြောင်း သိရသည်။
စီးရီးအေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုရရှိနေသည့် တစ်နှစ်လစာငွေမှာ ဒုတိယအများဆုံးကစားသမားထက် သုံးဆနီးပါးပိုများနေကြောင်း သိရသည်။
ယခုရာသီတွင် နယ်သာလန်လူငယ်နောက်ခံကစားသမား ဒီလစ်၊ ဘယ်လ်ဂျီယံနာမည်ကျော်တိုက် စစ်မှူး လူကာကူတို့ စီးရီးအေသို့ ရောက်ရှိလာသော်လည်း ကွာဟချက်မှာ ပြောင်းလဲမှု သိပ်မရှိခဲ့ခြင်းဖြစ်သည်။
Goal.com မှ ဖော်ပြသည့်သတင်းတွင် စီရော်နယ်လ်ဒိုသည် တစ်နှစ် ယူရို (၃၁)သန်း ရရှိနေပြီး ဒုတိယအများဆုံးဖြစ်သည့် ဒီလစ်မှာ တစ်နှစ်လစာ ယူရို (၈)သန်း+အပိုဆုကြေး (၄)သန်းဖြင့် အမြင့်ဆုံး ယူရို (၁၂)သန်းသာ ရရှိနိုင်သောကြောင့် စီရော်နယ်လ်ဒိုထက် သုံးဆဝန်းကျင် လျော့နည်းနေလျက်ရှိသည်။
အင်တာမီလန်တိုက်စစ်မှူးသစ် လူကာကူမှာ တစ်နှစ်လစာ ယူရို (၇.၅)သန်းရရှိနေပြီး အပိုဆုကြေးမှာမူ ယူရို (၁.၅)သန်းရှိ ကြောင်း သိရသည်။
ယမန်နှစ်ဒုတိယနေရာတွင်ရှိခဲ့သည့် ဟီဂွါအင်မှာ အဆင့် (၄)နေရာသို့ ကျဆင်းခဲ့သော်လည်း ယူရို (၇.၅)သန်းပင်ရရှိနေပြီး ယင်းနောက်တွင် ဒီဘား လားက ယူရို (၇.၃)သန်း၊ ရာဘီယူက ယူရို (၇)သန်း(အပိုဆုကြေး ယူရို ၂ သန်း)၊ ရမ်ဆေးက ယူရို (၇) သန်း၊ ယာနစ်က ယူရို (၆.၅)သန်း၊ ဒူးဂလပ်စ်ကော်စတာက ယူရို (၆) သန်း၊ မန်ဇူကစ်က ယူရို (၆)သန်း၊ ခီဒီရာက ယူရို (၆)သန်း၊ ဒွန်နာရမ်မာက ယူရို (၆)သန်း၊ ကူလီဘလီက ယူရို (၆)သန်း အသီးသီးရရှိနေကြသည်။
စီးရီးအေလစာအများဆုံးကစားသမား (၁၃)ဦးစာရင်းတွင် ဂျူဗင်တပ်စ်အသင်းကစားသမား (၁၀)ဦးအထိ ပါဝင်လျက်ရှိပြီး အေစီမီလန်၊ အင်တာမီလန်၊ နာပိုလီအသင်းများမှ (၁) ဦးစီသာ စာရင်းဝင်လျက်ရှိသည်။
ဂျူဗင်တပ်စ်အသင်းသည် ကစားသမားလစာငွေအတွက် အသုံးစရိတ်မှာ တစ်နှစ်လျှင် ယူရို (၃၉၄)သန်း ကုန်ကျနိုင်ကြောင်း Gazzetta dello Sport သတင်းစာက ဖော်ပြခဲ့သည်။
စီရော်နယ်လ်ဒိုသည် စီးရီးအေလစာငွေအများဆုံးစာရင်းတွင် အပြတ်အသတ်ဦးဆောင်နေသော်လည်း တစ်နှစ်ဝင်ငွေအကောင်းဆုံးစာရင်းတွင် မက်ဆီ၏နောက် ယူရို (၁၇)သန်းခန့်အကွာဖြင့် ဒုတိယနေရာသာ ရပ်တည် လျက်ရှိကြောင်း သိရသည်။