ယိုဗစ်ဒဏ်ရာရသွားသဖြင့် ရီးယဲလ်၏ဒဏ်ရာရစာရင်းတွင် ၁၀ ဦးအထိရှိလာ

ယိုဗစ်ဒဏ်ရာရသွားသဖြင့် ရီးယဲလ်၏ဒဏ်ရာရစာရင်းတွင် ၁၀ ဦးအထိရှိလာ
Published 10 September 2019

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ယိုဗစ်သည် ဆားဘီးယားလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားစဉ် ဒဏ်ရာပြန်လည်ရရှိခဲ့သောကြောင့် ဒဏ်ရာရကစားသမားစာရင်း ၌ ၁၀ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ယိုဗစ်သည် ပေါ်တူဂီအသင်းနှင့် ယူရို ခြေစစ်ပွဲ၌ ပွဲပြီးခါနီး ၈၇ မိနစ်မှသာ လူစားဝင်ရောက်ကစားခဲ့သော်လည်း ဒဏ်ရာရရှိ သွားခြင်းဖြစ်သည်။

ထို့ကြောင့် ယိုဗစ်အနေဖြင့် လူဇင်ဘတ်အသင်းနှင့် စက်တင်ဘာ ၁၀ ရက် (ယနေ့) ကစားမည့် အဝေးကွင်းပွဲကို လွဲချော်မည်ဖြစ်ကြောင်း ဆားဘီးယားဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်သည်။

၎င်း၏ဒဏ်ရာသတင်းမှာ ယခုရာသီအစတွင် ရုန်းကန်နေရသည့် ရီးယဲလ်အသင်းအတွက် သတင်းဆိုးဖြစ်ပြီး ဟာမီးစ်ရိုဒရီဂွက်ဇ်၊ အဆန်စီယို၊ အစ္စကို၊ ဟာဇက်၊ ဘရာဟင်ဒီယက်ဇ်၊ မန်ဒီ၊ ရိုဒရီဂို၊ မီလီတို စသည့်ကစားသမား များမှာလည်း ဒဏ်ရာပြဿနာရင်ဆိုင်နေရ သည်။

ဟာဇက်မှာမူ ယခုတစ်ပတ် လီဗန်တေးနှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိနေသည်။

 

 

Most Read

Most Recent