မြန်မာနိုင်ငံသို့ ဂျပန်နှင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခြေစိုက်ရာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိပြီး သုံးဆမြင့်တက်ခဲ့ကြောင်း သိရ

မြန်မာနိုင်ငံသို့ ဂျပန်နှင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခြေစိုက်ရာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိပြီး သုံးဆမြင့်တက်ခဲ့ကြောင်း သိရ
သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီ Ball ကို တွေ့ရစဉ်
သီလဝါ အထူးစီးပွားရေးဇုန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် အမေရိကန်ကုမ္ပဏီ Ball ကို တွေ့ရစဉ်
Published 24 August 2019
နီလာ

မြန်မာနိုင်ငံအတွင်းသို့ ဂျပန်နှင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အခြေစိုက်ရာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့မှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ အထိရှိကာ သုံးဆမြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ဂျပန်နိုင်ငံနဲ့ အနောက်နိုင်ငံရှိကုမ္ပဏီများရဲ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအခြေစိုက်ရာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့မှုမှာ ၂၀၁၉နှစ် ပထမသုံးလပတ်အ တွင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလျံအထိ သုံးဆ မြင့်တက်ခဲ့တာကို အားရဖွယ်တွေ့ရှိရပါ တယ်။ တရုတ်နဲ့ဟောင်ကောင်ရဲ့ ရင်းနှီးမြှုပ် နှံမှုများက ရာခိုင်နှုန်း ၁၅၀ အထိမြင့်တက်ခဲ့ပြီး ဒေါ်လာ သန်း ၅၉၀ ကိုရောက်ရှိခဲ့ပါတယ်” ဟု MIC ဥက္ကဋ္ဌဦးသောင်းထွန်းက ပြောကြားသည်။

“ကဏ္ဍအားဖြင့် စွမ်းအင်၊ သယ်ယူပို့ ဆောင်ရေးကဏ္ဍတို့မှာ ရင်းနှီးမြှုပ်နှံမှုများပို မိုဝင်ရောက်လာခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ဒေါ်လာ သန်း ၇၀၀ နဲ့ ရာခိုင်နှုန်း ၆၀ မြင့်တက်ခဲ့ပါတယ်။ သယ်ယူပို့ဆောင် ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ လေးဆအထိ မြင့်တက်ခဲ့ပြီး ဒေါ်လာ တစ်ဘီလျံရရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အားလုံးမှာ ပိုမိုစီးဝင်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အ လမ်းသစ်များ ဖန်တီးဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်မိပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံပေါင်း ၄၉ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၀ ဒသမ ၈ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံထားကြပြီး စင်ကာပူနိုင်ငံက ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ဖြင့် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက် မြှုပ်နှံထားမှု အခြေအနေကို လေ့လာကြည့်ပါက စင်ကာပူက ဒေါ်လာ ၂၁ ဒသမ ၇ ဘီလျံကျော်ဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၈၇ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံက ဒေါ်လာ ၂၀ ဒသမ ၆၈ ဘီလျံကျော်ဖြင့်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၅၇ ရာ ခိုင်နှုန်းဖြင့် ဒုတိယ၊ ထိုင်းနိုင်ငံက ဒေါ်လာ ၁၁ ဒသမ ၃၀၉ ဘီလျံကျော်၊ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏၁၃ ဒသမ ၉၈ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ဟောင်ကောင်က ဒေါ်လာ ၈ ဒသမ ၁၆၅ ဘီလျံကျော်၊ UK ကဒေါ်လာ ၄ ဒသမ  ၅၂၅ ဘီလျံကျော်၊ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ ၅ ဒသမ ၅၉ ရာခိုင်နှုန်း စသည်ဖြင့် ဝင်ရောက်မြှုပ်နှံထားသည်။

နှစ် ၂ဝအတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းထားကြောင်း သိရသည်။                      

Most Read

Most Recent