Hobbs & Shaw ဇာတ်ကား ပွဲဦးထွက်ဖြန့်ချိသည့်နေ့တွင် ဝင်ငွေ ဒေါ်လာ ၄၈ သန်းကျော် ရရှိ

Hobbs & Shaw ဇာတ်ကား ပွဲဦးထွက်ဖြန့်ချိသည့်နေ့တွင် ဝင်ငွေ ဒေါ်လာ ၄၈ သန်းကျော် ရရှိ
(Photo - AP)
(Photo - AP)
Published 5 August 2019

အမေရိကန်အက်ရှင်ဇာတ်ကား Fast & Furious Presents း Hobbs & Shaw သည် မြောက်အမေရိက၌ ပွဲဦးထွက်ဖြန့်ချိခဲ့သည့် သြဂုတ် ၂ ရက်တွင် ဝင်ငွေ ဒေါ်လာ ၄၈. ၆ သန်းကျော် ရရှိခဲ့သည်။

အနာဂတ်လူသားများကို ခြိမ်းခြောက်မည့် လူသေစေနိုင်သောဗိုင်း ရပ်စ်တစ်မျိုးကို ဖန်တီးခဲ့သည့်  အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ကို နှိမ်နင်းသည့်အကြောင်း ဒါရိုက်တာ David Leitch က ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် Dwayne Johnson ၊ Jason Statham ၊ အိုင်းဒရစ် အယ်လ်ဘာ၊ ဗနစ်ဆာကာဘီနှင့် ဟီလန်မီရန်တို့က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်ထားသည်။

Fast & Furious ၏ ပထမဆုံး ဇာတ်လမ်းခွဲဖြစ်သော ယင်းဇာတ်ကားသည် ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၅၅ သန်းနှင့် ၆၅ သန်းအကြား ရနိုင်ခြေရှိသည်ဆိုသော ခန့်မှန်းချက်ထက် အနည်းငယ် လျော့နည်းခဲ့သည်။ ဒေါ်လာ သန်း ၂ဝဝခန့် အကုန်ကျခံရိုက်ကူးခဲ့သည့် ယင်းဇာတ်ကားတွင် DwayneJohnson နှင့် Jason Statham တို့က  Luke Hobbs နှင့် Deckard Shaw ဇာတ်ကောင်များအဖြစ် ပြန်လည်ပါဝင် သရုပ်ဆောင်ထားသည်။ ယခင်ဖြန့်ချိခဲ့သည့် Fast & Furious ဇာတ်ကားများသည် စီးပွားရေးအရအောင်မြင်ခဲ့ပြီး စုစုပေါင်းဝင်ငွေ ဒေါ်လာ ၅.၁ ဘီလျံရရှိခဲ့သည်။၂၀၁၇ ခုနှစ်က ဖြန့်ချိခဲ့သည့်  The Fate of the Furious ဇာတ်ကားသည်  ပွဲဦးထွက် ဝင်ငွေ ဒေါ်လာ ၉၈.၇ သန်း ရရှိခဲ့သည်။ Fast & Furious ၏ နဝမမြောက်ဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် မေ ၂၂ရက် တွင် ဖြန့်ချိရန် စီစဉ်ထားသည်။ ယင်းဇာတ်ကားတွင်  ဗင်ဒီဇယ်၊ ချားလိစ်သီယွန်၊ ဟီလန် မီရန်၊ ဂျွန်စီနာ နှင့် Tyrese Gibson တို့က အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်မည်ဖြစ်သည်။

Most Read

Most Recent