ဆူဇူကီးက တစ်ရက်လျှင် မော်တော်ကား ၄၈ စီး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့

ဆူဇူကီးက တစ်ရက်လျှင် မော်တော်ကား ၄၈ စီး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့
သီလဝါ အထူးစီးပွားရေးဇုန်ရှိ Suzuki Thilawa Motor Co.,ltd ၏ မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံအတွင်းပိုင်းကို တွေ့ရစဉ်
သီလဝါ အထူးစီးပွားရေးဇုန်ရှိ Suzuki Thilawa Motor Co.,ltd ၏ မော်တော်ကား တပ်ဆင်ထုတ်လုပ်သည့် စက်ရုံအတွင်းပိုင်းကို တွေ့ရစဉ်
Published 19 July 2019
ရွှန်းလဲ့ဝင်း

ဆူဇူကီးက တစ်ရက်လျှင် မော်တော်ကား ၄၈ စီးတပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့ရကြောင်း သတင်းရရှိသည်။

ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူသည် ဇူလိုင် ၁၈ ရက်က သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ရာတွင် သီလဝါအထူးစီးပွားရေးဇုန်(အေ) အတွင်းရှိ Zifam Pyrex Myanmar Co.ltd ၏ ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်း၊  Suzuki Thilawa Motor Co.,ltd ၏ မော်တော်ကားတပ်ဆင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ Yakult Myanmar Co.,ltd နို့ဒိန်ချဉ် ထုတ်လုပ်ခြင်းလုပ်ငန်း၊ Boxpak (Myanmar) Co.ltd ၏ ကတ်ထူပုံးခွံ ထုတ်လုပ်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Suzuki Thilawa Motor Co.,ltd ၏ မော်တော်ကား တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းသည် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင် စုစုပေါင်းလုပ်သားအင်အား ၂၆၀၊ ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၅ သန်းဖြင့် တစ်ရက်လျှင် မော်တော်ကား ၄၈ စီးတပ်ဆင်ထုတ်လုပ်ပြီး ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ဆူဇူကီးမှ မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ် အစီးရေ ၁၁၆၉၁ စီးထုတ်လုပ်ရောင်းချခဲ့ရပြီး ယင်းပမာဏမှာ သတ်မှတ်ရည်မှန်းချက်ထက် ကျော်လွန်ရောင်းချခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် စျေးကွက်ရှိနေကြောင်း  Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki ၏ ပြောကြားချက်အရ သိရသည်။

ယင်းပမာဏမှာ သတ်မှတ်ရည်မှန်းချက်ထက် ကျော်လွန်ရောင်းချခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် စျေးကွက်ရှိနေကြောင်း Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ယာဉ်အစီးရေ တစ်သောင်းထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့တဲ့အတိုင်း ပြည့်မီကျော်လွန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ မော်တော်ကားအစီးရေက သုံးသန်းသုံးသိန်းကျော် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စျေးကွက်ကိုကြည့်ရင် စီးပွားရေးတိုးတက်နေတာနဲ့အမျှ ကားအသစ်စီးရေပေါင်း တစ်သန်း ဝယ်ယူသုံးစွဲနိုင်တဲ့ စျေးကွက်ရှိကြောင်းလည်း သိရပါတယ်။ ဆူဇူကီးဟာ ဆက်လက်ပြီး မြန်မာနိုင်ငံမှာ မော်တော်ကားထုတ်လုပ်မှု အစီးရေ ချဲ့ထွင်သွားဖို့လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ဧပြီ ၂၆ ရက်က all-new Suzuki Ertiga ယာဉ်အမျိုးအစားသစ်ကို မြန်မာနိုင်ငံစျေးကွက်တွင် မိတ်ဆက်ပွဲတွင် Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki က ပြောကြားသည်။

ရန်ကုန်မြို့ သီလဝါစက်မှုဇုန်ရှိ ဆူဇူကီးမော်တော်ယာဉ်စက်ရုံမှ ထုတ်လုပ်သည့် ထိုင်ခုံခုနစ်ခုံပါ နောက်ဆုံးပေါ် all-new Suzuki Ertiga ယာဉ်အမျိုးအစားသစ် မိတ်ဆက်ပွဲအား အဆိုပါစက်ရုံတွင် ဧပြီ ၂၆ ရက်က  ပြုလုပ်ခဲ့သည်။

ယင်းအပြင် ဆူဇူကီးနှင့် AYA ဘဏ်တို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်ထားသည့် ခုနစ်နှစ် ကားအရစ်ကျပေးချေမှု ‘AYA Super Suzuki Finance’ အစီအစဉ်မှတစ်ဆင့်လည်း all-new Suzuki Ertiga အပါအဝင် မော်တော်ကားသစ်များကို ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခများ ပေးဆောင်ရန် မလိုအပ်ဘဲ အရစ်ကျဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။                      

 

Most Read

Most Recent