ကြံ့ခိုင်မှုကြောင့် အနားယူခြင်းဖြစ်ပြီး နည်းပြလောကသို့ဝင်ရောက်ဖွယ်ရှိဟု တောရက်စ် ပြောကြား

ကြံ့ခိုင်မှုကြောင့် အနားယူခြင်းဖြစ်ပြီး နည်းပြလောကသို့ဝင်ရောက်ဖွယ်ရှိဟု တောရက်စ် ပြောကြား
Photos : AFP
Photos : AFP
Published 24 June 2019

ဂျပန်ဂျေ-၁ လိဂ်ကလပ် ဆာဂန်းတိုဆုအသင်း၌ ကစားနေသည့် လီဗာပူးလ်၊ ချယ်လ်ဆီး၊ အက်သလက်တီကို နှင့် စပိန်လက်ရွေးစင်ဟောင်း ဖာနန်ဒိုတောရက်စ်က ကြံ့ခိုင်မှုအခြေအနေကြောင့် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သူ တောရက်စ်က ၁၈ နှစ် ကြာဖြတ်သန်းခဲ့သည့် ဘောလုံးလောကကို ကျောခိုင်းစွန့် ခွာတော့မည်ဖြစ်ကြောင်း ဇွန် ၂၁ ရက်က Twitter မှတစ်ဆင့် အတည်ပြုပြောကြားပြီး အနားယူရန် ဆုံးဖြတ်ရသည့် အကြောင်းရင်းကိုမူ ဇွန် ၂၃ ရက်က တိုကျိုမြို့၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ဘယ်တော့မှမညှာပါဘူး။ ကိုယ် ကစားနိုင်တဲ့အဆင့်မှာပဲ ရိုးရိုးသားသားကစားဖို့လည်း အမြဲတမ်းကြိုးစားပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကပြောတဲ့ အခြေအနေကို နားထောင်သလို သိလည်းသိပါတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအခြေအနေအရ ထိပ်တန်းအဆင့်မှာ အချိန်အကြာကြီး မကစားနိုင်တော့ပါဘူး။ အဲဒီလိုဖြစ်မလာခင် ကစားသမားဘဝကို အဆုံးသတ်လိုက် တာက ကောင်းမွန်တဲ့နည်းလမ်းပါ။ ကျွန်တော်က ကိုယ် တတ်နိုင်သလောက် အစွမ်းကုန် အမြဲပေးဆပ်တဲ့သူပါ။ နောက်ထပ်နှစ်လအထိ ဆက်ကစားသွားမှာပါ''ဟု ၎င်းင်းက ဆိုသည်။

ထို့ပြင် အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ တောရက်စ်က ''နောက်တစ်ဆင့်အတွက် ဘာလုပ်ရမလဲဆိုတာ မိသားစုနဲ့အချိန်ပေးပြီး စဉ်းစားဖို့လိုပါတယ်။ နည်းပြလုပ် ဖြစ်မလား၊ စီမံခန့်ခွဲမှုလောကထဲဝင်ဖြစ်မလားဆိုတာ တော့ မသိသေးပါဘူး''ဟု ဆက်လက်ပြောကြားသည်။

Most Read

Most Recent