အရှေ့တောင်အာရှ ကနူး/ကယက်လှေပြိုင်ပွဲတွင် မြန်မာအသင်း ရွှေငါးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုရရှိ

အရှေ့တောင်အာရှ ကနူး/ကယက်လှေပြိုင်ပွဲတွင် မြန်မာအသင်း ရွှေငါးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုရရှိ
Photos: Photo: Myanmar Rowing & Canoeing Federation Facebook
Photos: Photo: Myanmar Rowing & Canoeing Federation Facebook
Published 23 June 2019

မြန်မာလှေလှော်အဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို အမျိုးသား မီတာ ၅၀၀ ကနူး  တစ်ဦးချင်း C1 ပြိုင်ပွဲတွင် သန့်ဇင်ဦး၊ မီတာ ၅၀၀ သက်ငယ်တန်း ကနူး JC1 ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်း၊ မီတာ ၅၀၀ အမျိုးသားကယက် K1 ပြိုင်ပွဲတွင် အောင်မျိုးသူ၊  အမျိုးသား မီတာ ၁၀၀၀ ကနူး C1ပြိုင်ပွဲတွင် သန့်ဇင်ဦး၊ အမျိုးသား မီတာ ၁၀၀၀ သက်ငယ်တန်းကနူး JC1 ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းတို့က ရယူပေးနိုင်ခဲ့သည်။

 

ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေ၌ ကျင်းပသည့် ၂၀၁၉ အရှေ့ တောင်အာရှ ကနူး/ကယက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ လှေလှော်အဖွဲ့သည် ရွှေငါးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုရရှိခဲ့ကြောင်း သိရသည်။

ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် အရှေ့တောင်အာရှ ကနူး/ကယက်ပြိုင်ပွဲတွင် မြန်မာလှေလှော်အသင်း အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ မြန်မာလှေလှော်အဖွဲ့အတွက် ရွှေတံဆိပ်ဆုများကို အမျိုးသား မီတာ ၅၀၀ ကနူး  တစ်ဦးချင်း C1 ပြိုင်ပွဲတွင် သန့်ဇင်ဦး၊ မီတာ ၅၀၀ သက်ငယ်တန်း ကနူး JC1 ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်း၊ မီတာ ၅၀၀ အမျိုးသားကယက် K1 ပြိုင်ပွဲတွင် အောင်မျိုးသူ၊  အမျိုးသား မီတာ ၁၀၀၀ ကနူး C1ပြိုင်ပွဲတွင် သန့်ဇင်ဦး၊ အမျိုးသား မီတာ ၁၀၀၀ သက်ငယ်တန်းကနူး JC1 ပြိုင်ပွဲတွင် မျိုးလှိုင်ဝင်းတို့က ရယူပေးနိုင်ခဲ့သည်။

ငွေတံဆိပ်ဆုများကို အမျိုးသား မီတာ ၅၀၀ ကနူးနှစ်ယောက်လှော်ပြိုင်ပွဲမှ သန့်ဇင်ဦးနှင့် ဝင်းထိုက်အတွဲ၊ ကြေးတံဆိပ် နှစ်ခုကိုမူ ထွန်းမင်းသန့်က မီတာ ၅၀၀ သက်ငယ်တန်း ကယက် တစ်ဦးချင်းပြိုင်ပွဲနှင့် မီတာ ၁၀၀၀ သက်ငယ်တန်း ကယက်တစ်ဦး ချင်းပြိုင်ပွဲတို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။    

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သည် နိုဝင်ဘာတွင် ကျင်းပမည့် အကြိမ် (၃၀) မြောက်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိသည်။

 

Most Read

Most Recent