၂၀၁၈ ခုနှစ် စက်တင်ဘာတွင် စုစုပေါင်း ဘဏ်အပ်ငွေ ကျပ် ၄၁၆၄၃ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်း နှစ်နှစ်ခွဲ၌ ဘဏ်အပ်ငွေ ပမာဏ ကျပ် ၁၅၇၆၁ ဘီလျံကျော် မြင့်တက်

၂၀၁၈ ခုနှစ် စက်တင်ဘာတွင် စုစုပေါင်း ဘဏ်အပ်ငွေ ကျပ် ၄၁၆၄၃ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်း နှစ်နှစ်ခွဲ၌ ဘဏ်အပ်ငွေ ပမာဏ ကျပ် ၁၅၇၆၁ ဘီလျံကျော် မြင့်တက်
ရန်ကုန်မြို့ရှိ  ပုဂ္ဂလိကဘဏ် လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ  ပုဂ္ဂလိကဘဏ် လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 21 June 2019
စည်သူအောင်

၂၀၁၈ ခုနှစ် စက်တင်ဘာတွင် စုစုပေါင်း ဘဏ်အပ်ငွေ (Total Deposits) ကျပ် ၄၁၆၄၃ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော် ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်း နှစ်နှစ်ခွဲ (လပေါင်း ၃၀ အတွင်း) တွင် ဘဏ်အပ်ငွေ ပမာဏ ကျပ်  ၁၅၇၆၁ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume III) အရ သိရသည်။

ဘဏ္ဍာနှစ်အလိုက် ဖော်ပြသော စုစုပေါင်း အပ်ငွေပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၇၀၁၀ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၇၃၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၂၉၇ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၉၉၁၉ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅၈၈၂ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂၁၁၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကျပ် ၃၃၃၅၂ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၇၃၄၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ၄၀၄၀၂ ဘီလျံ၊ ၂၀၁၈ ခု နှစ် စက်တင်ဘာတွင် ၄၁၆၄၃ ဘီလျံ ရှိသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ၌ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေ ကျပ် ၄၁၆၄၃ ဘီလျံကျော်ရှိပြီး ယခင် သုံးလနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင် ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၄၇၃ ဘီလျံ၊ ပုဂ္ဂလိက ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ် ၁၅၂၃ ဘီလျံ မြင့်တက်ခဲ့သည်။

၂၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ ပုဂ္ဂလိက ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေ ပမာဏများမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီ လျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈  ဒသမ ၈၃၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ကျပ် ၃၁၁၂၉ ဒသမ ၈၄၆ ဘီလျံတို့ ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေ ပမာဏများမှာ ၂၀၁၇ ခု နှစ် မတ်တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခုနှစ်  ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ  ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊  ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ်  ၁၀၀၄၀ ဒသမ ၈၀၇ ဘီလျံ၊ ၂၀၁၈ ခု နှစ် စက်တင်ဘာတွင် ကျပ် ၁၀၅၁၃ ဒသမ ၉၀၁ ဘီလျံတို့ ဖြစ်သည်။

၂၀၁၈ ခုနှစ် မတ်နှင့် ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ရှိသော အပ်ငွေ စုစုပေါင်းကို နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၉၂၂ ဒသမ ၅၉၄ ဘီလျံ လျော့ကျခဲ့ပြီး ပုဂ္ဂလိက ဘဏ်များတွင် ကျပ် ၂၅၃၁ ဒသမ ၀၁၁ ဘီလျံ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၄ ခု ဖွင့်လှစ်ထားသည်။ ကျပ်ငွေဖြင့် ငွေစာရင်းလက်ခံမှုကို ပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံပိုင်ဘဏ် နှစ်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့က ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် ပုဂ္ဂလိက ဘဏ်ခွဲပေါင်း  ၁၈၀၀ ကျော် ဖွင့်လှစ်ပြီး ဖြစ်သည်။

Most Read

Most Recent