UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီ ပြန်လည်လွတ်မြောက်လာပြီး ခြစားမှုစွပ်စွဲချက်များအား ငြင်းဆန်

UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီ ပြန်လည်လွတ်မြောက်လာပြီး ခြစားမှုစွပ်စွဲချက်များအား ငြင်းဆန်
Photos: AFP
Photos: AFP
Published 19 June 2019

၎င်းသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာတွင် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သူဖြစ်ပြီး ယင်း ကဲ့သို့ ရွေးချယ်မှုမလုပ်မီ ရက်ပိုင်းအလိုတွင် ပြင်သစ်သမ္မတ ဆာကိုဇီ၊ ကာတာအိမ်ရှေ့ မင်းသား ဘင်ဟာမက်အယ်လ်သာနီ၊ ကာတာ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ သမ္မတနန်းတော်၌ တွေ့ဆုံခဲ့သောကြောင့် ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်သည်။

 

ပြင်သစ်ခြစားမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ ၏ ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရသည့် ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌဟောင်း မစ်ချယ်ပလာတီနီသည် ယနေ့ နံနက်အစောပိုင်းတွင် ပြန်လည်လွတ် မြောက်လာကြောင်း သိရသည်။

ပြင်သစ်အာဏာပိုင်များသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ် ရုရှားနိုင်ငံ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအိမ်ရှင်အဖြစ် ကာတာနိုင်ငံတို့ အငြင်းပွားဖွယ်ရွေးချယ်ခံရခြင်းနှင့်ပတ်သက်၍ ခြစားမှုရှိမရှိ ၂၀၁၆ ခုနှစ်မှစ၍ ကနဦးစုံစမ်းစစ်ဆေးမှုပြုလုပ်နေ ခြင်းဖြစ်သည်။ ပလာတီနီသည် UEFA ဥက္ကဋ္ဌ အဖြစ် ၂၀၀၇ ခုနှစ် ဇန်နဝါရီမှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာအထိ တာဝန်ထမ်းဆောင်ခဲ့သလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဒုဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်သည်။

၎င်းသည် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာတွင် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နိုင်ငံ ရွေးချယ်ရာတွင် ပါဝင်မဲပေးခဲ့သူဖြစ်ပြီး ယင်းကဲ့သို့ ရွေးချယ်မှုမလုပ်မီ ရက်ပိုင်းအလိုတွင် ပြင်သစ်သမ္မတ ဆာကိုဇီ၊ ကာတာအိမ်ရှေ့ မင်းသား ဘင်ဟာမက်အယ်လ်သာနီ၊ ကာတာ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ သမ္မတနန်းတော်၌ တွေ့ဆုံခဲ့သောကြောင့် ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်သည်။

ပလာတီနီနှင့်အတူ သမ္မတဟောင်း ဆာကိုဇီ၏ အားကစားဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူ ဆိုဖီဒီယွန်းလည်း စစ်ဆေးခံရကြောင်း သိရသည်။ ပြန်လည်လွတ်မြောက်လာပြီး နောက် သတင်းထောက် များနှင့်တွေ့ဆုံစဉ် ပလာတီနီက " ဒီကိစ္စတွေက ကြာခဲ့ပါပြီ။ ဒါပေမဲ့ ပေးထားတဲ့မေးခွန်းတွေကတော့ အပြောင်းအလဲမရှိပါဘူး။ ကျွန်တော်ကတော့ ဒီကိစ္စတွေနဲ့ လုံးဝမသက်ဆိုင်သလို ခံစားရပါ တယ်။ အဲဒါက အရင်တုန်းကဖြစ်ခဲ့တာတွေ ပါ။ ကျွန်တော်တို့ ရှင်းပြထားပြီးသားမို့ ခင်ဗျားတို့လည်း သိထားပြီးသားပါပဲ။ ကျွန်တော်ကတော့ သတင်းစာသမားတွေနဲ့တွေ့ဆုံတိုင်း ကိုယ့်ဘက်က အားလုံးရှင်းလင်းတယ်ဆိုတာ အမြဲပြောထားပြီးသားပါ။ အဲဒီကိစ္စကိုပဲ စုံစမ်းစစ်ဆေးမှုတွေ၊ ရှာဖွေမှုတွေ ဆက်လုပ်နေကြတာပါ" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပလာတီနီ၏ရှေ့နေဖြစ်သူ ဝီလီယံဘော်ဒန်ကလည်း ဖမ်းဆီးခံရခြင်းမဟုတ်ကြောင်းနှင့် သက်သေတစ်ဦးအဖြစ် မေးမြန်းခံရခြင်းသာဖြစ်ကြောင်း၊ စွပ်စွဲမှုများအားလုံးအတွက် အပြစ်မရှိကြောင်း ပြောကြားခဲ့သည်။ ပလာတီနီ (၆၃ နှစ်) သည် ၂၀၁၆ ခုနှစ် FIFA ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ဘလတ္တာကို အနိုင်ရရန် ရေပန်းစားနေသော်လည်း ၂၀၁၁ ခုနှစ် အတွင်း ဘလတ္တာထံမှ ဆွစ်ဖရန့်နှစ်သန်း လက်ခံရယူခဲ့ကြောင်း စွပ်စွဲမှုကြောင့် UEFA ဥက္ကဋ္ဌရာထူးကိုပါ စွန့်လွှတ်ခဲ့ရခြင်းဖြစ်သည်။

 

 

Most Read

Most Recent