အစ်ဆာဂျော့ပ်၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွင် မန်ယူအသင်းထံမှ မာစီယဲလ်အား ဝက်စ်ဟမ်း ပြန်လည်တောင်းဆိုမည်

အစ်ဆာဂျော့ပ်၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွင် မန်ယူအသင်းထံမှ မာစီယဲလ်အား ဝက်စ်ဟမ်း ပြန်လည်တောင်းဆိုမည်
Photos: FOX Sports Asia,West Ham United,Getty Images
Photos: FOX Sports Asia,West Ham United,Getty Images
Published 19 June 2019

အစ်ဆာဂျော့ပ်သည် ပြီးခဲ့သည့် ၂၀၁၈၊ နွေရာသီအပြောင်းအရွှေ့ကာလက ပြင်သစ်ကလပ် တူးလူးအသင်းမှ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၂၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်း နှင့် (၅)နှစ်စာချုပ်ချုပ်ဆိုထားသည်။ သူသည် ပြီးခဲ့သည့်ရာသီက ဝက်စ်ဟမ်းအသင်းတွင် ခြေစွမ်းပြကစားခဲ့ပြီး ပရီးမီးယားလိဂ်(၃၃)ပွဲအပါအဝင် ပြိုင်ပွဲစုံ (၃၈)ပွဲကစားပေးခဲ့သည်။

 

ဝက်စ်ဟမ်းအသင်းသည် မန်ယူတိုက်စစ်မှူး မာစီယဲလ်အား ခေါ်ယူရန် မျက်စိကျနေပြီး ဝက်စ်ဟမ်းနောက်ခံလူအစ်ဆာဂျော့ပ်၏အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုတွင် မန်ယူအသင်းထံမှ မာစီယဲလ်အား ပြန်လည်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ပြင်သစ် ယူ-၂၁ နောက်ခံလူဟောင်း အစ်ဆာဂျော့ပ် (၂၂ နှစ်) အားခေါ်ယူရန် ပစ်မှတ်ထားနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နှင့် ကမ်းလှမ်းမည်ဟု သတင်းများထွက်ပေါ်နေသည်။

အစ်ဆာဂျော့ပ်သည် ပြီးခဲ့သည့် ၂၀၁၈၊ နွေရာသီအပြောင်းအရွှေ့ကာလက ပြင်သစ်ကလပ် တူးလူးအသင်းမှ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် (၂၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်း နှင့် (၅)နှစ်စာချုပ်ချုပ်ဆိုထားသည်။ သူသည် ပြီးခဲ့သည့်ရာသီက ဝက်စ်ဟမ်းအသင်းတွင် ခြေစွမ်းပြကစားခဲ့ပြီး ပရီးမီးယားလိဂ်(၃၃)ပွဲအပါအဝင် ပြိုင်ပွဲစုံ (၃၈)ပွဲကစားပေးခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် အစ်ဆာဂျော့ပ်အား လွယ်လွယ်ကူကူလက်လွှတ်ရန် ဆန္ဒမရှိဘဲ မာစီယဲလ်ကို ပြန်လည်ခေါ်ယူနိုင်မှသာလျှင် မန်ယူအသင်းထံ ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် အစ်ဆာဂျော့ပ်နှင့်အတူ လက်စတာနောက်ခံလူ မက်ဂွိုင်းရားကိုလည်း ပစ်မှတ်ထားနေသည်။ သို့သော်  မက်ဂွိုင်းရားအတွက်မူ နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးဖြစ်သည့် ပေါင်သန်း (၈၀)အထက် ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်းရဖွယ်ရှိနေကြောင်း သိရှိရသည်။

 

Most Read

Most Recent