လာမည့်ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် Pot 1 တွင် အင်္ဂလန်ကလပ် သုံးသင်းအထိပါဝင်

လာမည့်ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်အတွက် Pot 1 တွင် အင်္ဂလန်ကလပ် သုံးသင်းအထိပါဝင်
Photos : AFP
Photos : AFP
Published 3 June 2019

လာမည့် ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်အတွက် ဦးစားပေး (၁) (Pot 1) တွင် အင်္ဂလန်ကလပ်သုံးသင်း အထိပါဝင်နေကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ချန်ပီယံလိဂ်အုပ်စုရှစ်ခုအတွက် Pot တစ်ခုတွင် ရှစ်သင်းစီထားရှိမည်ဖြစ်ပြီး ဦးစားပေး (၁) ဖြစ်သည့် Pot 1 တွင် ချန်ပီယံလိဂ်ပြိုင် ပွဲ၏ လက်ရှိချန်ပီယံ၊ ယူရိုပါလိဂ်ချန်ပီယံနှင့် လိဂ်အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ပြိုင်ပွဲ ခြောက်ခု၏ ချန်ပီယံအသင်းများအား ပါဝင် ခွင့်ပြုထားသည်။

သို့ဖြစ်ရာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် လီဗာပူးလ်၊ ယူရိုပါလိဂ်ချန်ပီယံ ချယ်လ်ဆီး၊ လာလီဂါချန်ပီယံ ဘာစီလိုနာ၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး၊ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်၊ ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်၊ လီဂူး ချန်ပီယံ PSG နှင့် ရုရှားပရီးမီးယားလိဂ်ချန်ပီယံ ဇင်းနစ်အသင်းတို့ Pot 1 တွင် ပါဝင်နေကြောင်း သိရသည်။

Pot 2 တွင် ရီးယဲလ်၊ အက်သလက်တီကို၊ စပါး၊ ဒေါ့မွန်၊ နာပိုလီ၊ ရှက်တာဒိုးနက်အသင်းတို့ပါဝင်နေပြီး အေဂျက်စ်နှင့် ပေါ်တိုအသင်းမှာမူ ခြေစစ်ပွဲအောင်မြင်ပါက Pot 2 တွင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

အုပ်စုအဆင့်အတွက် ဆီဒင်သေချာသည့်အသင်းများ

Pot 1    -    လီဗာပူးလ်၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ မန်စီးတီး၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ PSG၊ ဇင်းနစ်

Pot 2    -    ရီးယဲလ်၊ အက်သလက်တီကို၊ စပါး၊ ဒေါ့မွန်၊ နာပိုလီ၊ ရှက်တာဒိုးနက်

Pot 3    -    လေဗာကူဆင်၊ ဆာလ်ဇ်ဘာ့ဂ်၊ ဗလင် စီယာ၊ အင်တာမီလန်

Pot 4    -    အတ္တလန္တာ၊ လိုင်လီ

Most Read

Most Recent