ဒေသတွင်း သြဇာလုပွဲ

ဒေသတွင်း သြဇာလုပွဲ
Published 1 June 2019
မောင်ကြွယ်စိုး

လစ်ဗျားနိုင်ငံနဲ့ ဆူဒန်နိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအပေါ် တူရ ကီနိုင်ငံနဲ့ ကာတာနိုင်ငံတို့ဟာ ပထဝီနိုင်ငံ ရေးအရ သြဇာလွှမ်းမိုးဖို့ ကြိုးစားမှုဟာ ဆော် ဒီအာရေဘီးယားနဲ့ ယူအေအီးနိုင်ငံတွေရဲ့ ခြေလှမ်းတွေကြောင့် ထင်တိုင်းမပေါက်တဲ့ အနေအထားရောက်နေပါတယ်။ ရာထူးမှ ဖယ်ရှားခံရတဲ့ ဆူဒန်သမ္မတ အိုမာအယ်ဘာ ရှာရဲ့ မဟာမိတ်ဖြစ်ပါတယ်။ ကာတာနိုင်ငံ ဟာ ဆူဒန်နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို အကဲခတ်နေပါတယ်။ ဆူဒန်နိုင်ငံ စစ်တပ်ခေါင်းဆောင်တွေနဲ့ ဆန္ဒ ပြသမားတွေရဲ့ အရပ်ဘက်အုပ်ချုပ်ရေး ကြိုး ပမ်းဆွေးနွေးပွဲတွေဟာ အဖြေရှာမရပဲနဲ့ ပြီး ဆုံးခဲ့ပါတယ်။

အစ္စလာမ္မစ်အုပ်စုတွေရဲ့ ကျောထောက် နောက်ခံနဲ့ ဘာရှာဟာ ၁၉၈၉ ခုနှစ်မှာ အာ ဏာသိမ်းပြီး နိုင်ငံခေါင်းဆောင် ရာထူးရယူခဲ့ ပါတယ်။ ဘာရှာအာဏာတည်မြဲရေးအတွက်  ကာတာနိုင်ငံက ငွေကြေးအထောက်အပံ့ တွေ ပေးခဲ့သလို မွတ်စလင်ဘရားသားဟုဒ် မှနေပြီး အစ္စလာမ္မစ်လက်နက်ကိုင် ဖြစ်လာ တဲ့ လက်နက်ကိုင်တွေရဲ့ အကူအညီရယူခဲ့ ပါတယ်။ အဲဒီလက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ပံ့နေတာက တူရကီဖြစ်ပါတယ်။

ဒါပေမဲ့ ဆူဒန်နိုင်ငံမှာ ဘာရှာဆန့်ကျင် ရေး တော်လှန်ရေးတစ်ရပ် ဧပြီ ၁၁ ရက်မှာ ဖြစ်ပွားပြီး ကတည်းက ဆူဒန်နိုင်ငံအပေါ် ကာလာရဲ့ သြဇာလွှမ်းမိုးမှု ကျဆင်းခဲ့ပြီလို့ လန်ဒန်မြို့ King’s College ပါမောက္ခ ဆွန် ဒရေးယက်စ်ကရေ့ချ်က မှတ်ချက်ချခဲ့ပါ တယ်။ ဆူဒန်နိုင်ငံ စစ်ကောင်စီ ဥက္ကဋ္ဌ ဖာတာ အယ်ဆူဟန်ဟာ ကာတာနိုင်ငံထက် ယူအေ အီးနိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေပါ တယ်လို့လည်း ကရေ့ချ်က ပြောကြားခဲ့ပါ တယ်။

ဆော်ဒီအာရေးဘီးယားနဲ့ ယူအေအီး နှစ်နိုင်ငံဟာ ဆူဒန်နိုင်ငံမှာ အသွင်ကူးပြောင်း ရေးကောင်စီတစ်ရပ် ဖွဲ့စည်းရေးကို ထောက် ခံထားကြပါတယ်။ ဆော်ဒီအာရေးဘီးယား၊ ယူအေအီးတို့ရဲ့ ရန်သူ အီရန်နဲ့ ဆက်ဆံရေး ရှိနေတဲ့ ကာတာနိုင်ငံကို ဆူဒန်အရေးမှာ မပါဝင်နိုင်အောင် တားဆီးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ကာတာနိုင်ငံဟာ အီရန်နဲ့ ဆက် ဆံနေရုံသာမက အကြမ်းဖက်သမားတွေနဲ့ ပါ ပတ်သက်မှုရှိနေခြင်းကြောင့် ဆူဒန်နိုင်ငံ ရေးမှာ ပါဝင်မယ့်အရေးကို ဆော်ဒီအာရေး ဘီးယားနဲ့ ယူအေအီးနိုင်ငံတွေက လက်မခံ နိုင်တာဖြစ်ပါတယ်။

ဆူဒန်နိုင်ငံနဲ့ ယူအေအီးစစ်ရေးအရ မဟာမိတ်တွေဖြစ်ပြီး ယီမင်နိုင်ငံမှာ ရှိနေတဲ့  ဟူသီသူပုန်တွေကို လက်တွဲနှိမ်နင်းနေကြပါ တယ်။ ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေကို အီရန်နိုင်ငံက ထောက်ပံ့ကူညီနေပါတယ်။

ဆူဒန်စစ်ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ မို ဟာမက်ဟမ်ဒန်ဒါဂလိုနဲ့ ဆော်ဒီအိမ်ရှေ့ မင်းသား ဆယ်မန်တို့ဟာ ပြီးခဲ့တဲ့ မေ ၃၀ ရက်က ဆော်ဒီနိုင်ငံ ဂျေဒါမြို့မှာ တွေ့ခဲ့ကြ ပါတယ်။ အယ်ဘာရှာကို ဖယ်ရှားပစ်ခဲ့ပြီးတဲ့ အချိန်ကတည်းက ဒါဂလိုက ဆော်ဒီအာရေး ဘီးယားနဲ့ လက်တွဲပြီး အီရန်နဲ့ ဟူသီသူပုန် တို့ကို လက်တွဲချေမှုန်းမှာဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။ ဒါ့အပြင် ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဝင်တွေဟာ ဟူသီသူပုန်တွေ တိုက်ခိုက်မှုမှာ ဆူဒန်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာဖြစ်ကြောင်း လည်း ဒါဂလိုက ကတိပြုခဲ့ပါတယ်။

ဆော်ဒီအာရေးဘီးယားနဲ့ ယူအေအီး နိုင်ငံတို့ဟာ ဆူဒန်နိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးဖို့ စီစဉ်ထားပြီးဖြစ်ပါ တယ်။ ဆော်ဒီဗဟိုဘဏ်မှာ ဒေါ်လာ သန်း ၂၅၀ အပ်နှံထားမှာ ဖြစ်ပါတယ်။ ဘာရှာ အာ ဏာလက်လွှတ်ပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီ နိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ သုံးဘီလျံပေးဖို့ စီစဉ်ထားပါတယ်။ ရေနံနဲ့ ချမ်းသာကြွယ်ဝတဲ့ ဆော်ဒီအာရေး ဘီးယးနဲ့ ယူအေအီးနှစ်နိုင်ငံဟာ အရှေ့ အလယ်ပိုင်းဒေသမှာ လူထုဆန္ဒပြပွဲကြီးတွေ ဖြစ်ပေါ်လာမှု မှန်သမျှကို မလိုလားကြပါဘူး။ လူထုဆန္ဒပြပွဲတွေနဲ့အတူ အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် နာမည်ပျက်စာရင်းသွင်းထား ခံရတဲ့ အစ္စလာမ္မစ်မွတ်စလင်ဘရားသားဟုဒ် တွေ ထကြွလာမှာကို မလိုလားပါဖူး။ ကာတာ နိုင်ငံနဲ့ ဆော်ဒီအာရေဘီးယားနိုင်ငံကို သဘောမတွေ့ပါဘူး။

ဆော်ဒီအာရေးဘီးယား၊ ယူအေအီး၊ ဘာ ရိန်းနဲ့ အီဂျစ်နိုင်ငံတွေဟာ ၂၀၁၇ ခုနှစ် ကတည်းက ကာတာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ကိုဖြတ်တောက်ထားပြီး ဖြစ်ပါတယ်။ ကာတာ နိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်။ အထောက်အပံ့ တွေ ပေးနေတယ်လို့ စွပ်စွဲချက်တွေဟာ မမှန် ဘူးလို့ ငြင်းပယ်ထားခဲ့ကြပါတယ်။ ဆော်ဒီ အာရေးဘီးယား၊ ယူအေအီးနိုင်ငံကတစ်ဖက် ကာတာ၊ တူရကီကတစ်ဖက် အုပ်စုတိုက်ပွဲ ဟာ ဆူဒန်အရေးမှာ သက်ရောက်မှုရှိနေတာ ကြောင့်၊ ဆူဒန်ပြည်သူတွေက မိမိတို့ နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြည်ပက စွက်ဖက်မှုတွေ အပေါ် လက်ခံဖို့ ခက်ခဲနေပါတယ်။ ဆူဒန်နိုင်ငံ ရဲ့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲမှုကို ဆူဒန် ပြည်သူတွေကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ ပြည်ပနိုင်ငံတွေက ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း ဆန္ဒပြပွဲမှာပါဝင်တဲ့ ခေါင်းဆောင်တွေက ပြောကြားခဲ့ကြပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေက ဆူဒန်နိုင်ငံ ကို သူတို့ရဲ့ နိုင်ငံရေးသြဇာ စစ်မြေပြင်အဖြစ် သဘောထားနေတယ်လို့လည်း အစိုးရဆန့် ကျင်ရေးဆန္ဒပြသူတွေက ယူဆထားကြပါ တယ်။ အစိုးရဆန့်ကျင်ရေး တိုက်ပွဲကို ဆူဒန် နိုင်ငံရှိ နိုင်ငံရေးအဖွဲ့အစည်းတွေ အများ အပြားပါဝင်ကြပါတယ်။

ကာတာနိုင်ငံက လစ်ဗျားနိုင်ငံရေးမှာ ပါဝင်ပတ်သက်နေပါတယ်။ လစ်ဗျားနိုင်ငံ ရေးမှာ မိမိရဲ့ နိုင်ငံရေးသြဇာ ကျဆင်းမှုကို စိုးရိမ်နေပါတယ်။ ကာတာနဲ့ တူရကီနိုင်ငံက နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ Government of National Accord (GNA) ကို ထောက်ခံပြီး ဆော်ဒီအာရေးဘီးယားနဲ့ ယူအေအီးတို့ကတော့ လစ်ဗျားအမျိုးသား တပ်မတော် (LNA) နဲ့ ခေါင်းဆောင် ခါလီဖာ ဟက်ဖ်တာကို ထောက်ခံနေပါတယ်။ ဟက်ဖ် တာက တူရကီနဲ့ ကာတာနိုင်ငံဟာ GNA  ကို လက်နက်တွေ ထောက်ပံ့နေကြောင်း စွပ် စွဲထားပါတယ်။

ဧပြီလမှာ လစ်ဗျားအမျိုးသားတပ်မ တော်က ထရီပိုလီမြို့တော်ကို ထိုးစစ်ဆင်ခဲ့ ပါတယ်။ တိုက်ပွဲကြားမှာ ပြည်သူ ၅၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ လစ်ဗျားအရေးမှာ လက်နက်ခဲယမ်းတွေ၊ ငွေကြေးတွေနဲ့ သက် ဆိုင်ရာအကြံပေးမှုတွေ ပြုလုပ်နေတဲ့ နိုင်ငံ ၁၀ နိုင်ငံရှိကြောင်း ကုလကိုယ်စားလှယ် ဂါဆန်ဆာလာမီက ဗုဒ္ဓဟူးနေ့မှာ ပြောကြား ခဲ့ပါတယ်။

ဆော်ဒီအရေးဘီးယားနဲ့ ယူအေအီး နိုင်ငံတွေဟာ လစ်ဗျားနိုင်ငံနဲ့ ဆူဒန်နိုင်ငံ ရေးမှာ ပါဝင်ပတ်သက်နေတဲ့ အဓိက အကြောင်းရင်းကတော့ ကာတာနိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှုကို ဖယ်ရှားဖို့ပဲ ဖြစ်ပါတယ်။ ပြည်ပ နိုင်ငံတွေ၊ အုပ်စုနှစ်စုရဲ့ အားပြိုင်မှုတွေ ကြောင့် ဆူဒန်နိုင်ငံနဲ့ လစ်ဗျားနိုင်ငံရဲ့ နိုင်ငံ ရေးပဋိပက္ခဟာ ပိုမြင့်တက်မယ့် အနေအ ထားမှာ ရှိနေပါတယ်။

Most Read

Most Recent