မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းသို့ ပို့ကုန်တင်ပို့မှု ယခင်နှစ်ထက် မြင့်တက်လာသော်လည်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှုထက် ငါးဆခန့် လျော့နည်းနေဆဲဖြစ်

မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းသို့ ပို့ကုန်တင်ပို့မှု ယခင်နှစ်ထက် မြင့်တက်လာသော်လည်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှုထက် ငါးဆခန့် လျော့နည်းနေဆဲဖြစ်
မြန်မာ့ပို့ကုန် ပြောင်းဆန်တင် ကုန်တင်ယာဉ်များအား မြဝတီနယ်စပ်တွင် တွေ့ရစဉ်
မြန်မာ့ပို့ကုန် ပြောင်းဆန်တင် ကုန်တင်ယာဉ်များအား မြဝတီနယ်စပ်တွင် တွေ့ရစဉ်
Published 28 May 2019
ကိုရွှေသိန်း

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ်တွင် ထိုင်းနိုင်ငံသို့ တရားဝင် ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လာသော်လည်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှုထက် ငါးဆခန့် လျော့နည်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ်အတွင်းက ရှစ်ဆခန့် လျော့နည်းခဲ့ရာမှ ယခုနှစ် မြန်မာပို့ကုန်မြင့် တက်တက်လာသော်လည်း ထိုင်းကုန်ပစ္စည်း တရားဝင် တင်သွင်းမှုမှာ များစွာလျော့ကျ လာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မြဝတီနယ်စပ်ကုန် သွယ်ရေးစခန်းမှ သိရသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ခုနှစ် မေ ၁၇ ရက်ထိ ထိုင်းသို့ပို့ကုန် အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၇၃၇ သန်း ရှိပြီး မြန်မာနိုင်ငံဘက်သို့ ထိုင်းကုန်ပစ္စည်း တရားဝင် တင်သွင်းမှုမှာ ကန်ဒေါ်လာ ၄၆၈ ဒသမ ၅၆၄ သန်းရှိကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ် ၂၀၁၇ အောက်တိုဘာ ၁ ရက်မှ၂၀၁၈ မေ ၁၇ ရက်အထိ ထိုင်းနိုင်ငံဘက်သို့ပို့ကုန် အမေရိကန်ဒေါ်လာ ၅၈ ဒသ မ ၆၁၅သန်းရှိပြီး ပြည်တွင်းစျေးကွက်သို့ ထိုင်းကုန်ပစ္စည်း တင်သွင်းမှုမှာ ဒေါ်လာ ၅၃၉ ဒသမ ၄၄၂ သန်းရှိခဲ့သည်။ သို့ဖြစ်၍ မြန်မာပို့ကုန်မှာ ယခင်နှစ် ကာလတူကထက် ၃၈ ဒသမ ၁၂၂ သန်း ပိုမိုကုန်သွယ် ထားသော်လည်း ထိုင်းကုန်ပစ္စည်း တင်သွင်းမှုမှာ ယခင်နှစ် ကာလတူကထက် ၇၀ ဒသမ ၈၇၈ သန်း လျော့ကျခဲ့ကြောင်း သိရသည်။

မြဝတီနယ်စပ်မှ ထိုင်းကုန်စည်စီးဆင်းမှု နေ့စဉ်များပြား နေသော်လည်း ကုန်သွယ်မှု ပမာဏ လျော့ကျလာခြင်းမှာ တရားမဝင် ကုန်သွယ်မှု မြင့်တက်လာခြင်းကြောင့် ဖြစ်သည်ဟု မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက လစဉ်ပြုလုပ်သည့် ကုန်သွယ်မှု မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

         

Most Read

Most Recent