FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် ဘောလုံးသမားဟောင်းများ၏ ခရီးစဉ်

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် ဘောလုံးသမားဟောင်းများ၏ ခရီးစဉ်
Published 26 December 2017

FIFA ဥက္ကဋ္ဌ အင်ဖန်တီနို (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် နိုင်ငံတကာ ဘောလုံးအသိုင်းအဝိုင်း နှင့် ထိတွေ့ဆက်ဆံမှု ကောင်းမွန်လာခြင်း နှင့်အတူ ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများ၊ ကမ္ဘာကျော်ဘောလုံးသမားဟောင်းများမှာ မြန်မာနိုင်ငံသို့ လာရောက်၍ ဘောလုံးနှင့်ပတ်သက်သည့် အစီအစဉ်များ ဆောင်ရွက်ပေးခဲ့သည်။

မိုရီယန်တေးစ် ခြင်းလုံးသရုပ်ပြကစားစဉ်

လက်ရှိ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ဖေဖော်ဝါရီတွင် အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အကယ်ဒမီ ကျောင်းအား ဖွင့်လှစ်ပေးခဲ့သည်။ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် MFF ဥက္ကဋ္ဌ ဦးဇော် ဇော်သည် ဆက်ဆံရေးကောင်းများရှိသောကြောင့် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိပြီး FIFA ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်က မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) ဖွင့်ပွဲကိုလည်း FIFA ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာ တက်ရောက် ဖွင့်လှစ်ပေးခဲ့ဖူးသည်။ ၂၀၁၇ ခုနှစ်တွင် အင်ဖန်တီနိုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ကမ္ဘာကျော် ဘောလုံးသမားဟောင်းများမှာ မန်ယူနောက်ခံလူဟောင်း ရွန်နီဂျွန်ဆင်နှင့် ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူးဟောင်း မိုရီယန်တေးစ်တို့ဖြစ်သည်။ မိုရီယန်တေးစ်သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲ လာရောက်ကြည့်ရှုခြင်းဖြစ်ပြီး ဘောလုံး နှင့် မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်းအား သရုပ်ပြကစားခဲ့သည်။ ဂျွန်ဆင်မှာမူ Football Clinic အစီအစဉ်အရ လာရောက်ခြင်းဖြစ်ပြီး ရန်ကုန်နှင့် ပုသိမ်မြို့၌ သင်ကြားပေးခဲ့သည်။

Most Read

Most Recent