အင်္ဂလန်အသင်းပြန်လည်ရောက်ရှိလာပါက ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက ဂုဏ်ပြုကြိုဆိုမည်

အင်္ဂလန်အသင်းပြန်လည်ရောက်ရှိလာပါက ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေက ဂုဏ်ပြုကြိုဆိုမည်
Published 14 July 2018

 

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေသည် ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်နေသည့် အင်္ဂလန် လက်ရွေးစင်အသင်း ပြန်လည်ရောက်ရှိလာပါက လန်ဒန်မြို့ရှိ အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်၌ လက်ခံတွေ့ဆုံ၍ ဂုဏ်ပြုကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားအသင်းအား အချိန်ပို၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမ ဆုံးအကြိမ် ဗိုလ်လုပွဲကစားခွင့်ရမည့်အခွင့်အရေး လက်လွှတ်ခဲ့ရသည်။

သို့သော် အင်္ဂ လန်အသင်းသည် ဆောက်ဂိတ်၏ဦးဆောင် မှုဖြင့် ရလဒ်ကောင်းများရယူနိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ၂၈ နှစ်အကြာတွင် ဆီမီး ဖိုင်နယ်သို့ ပထမဆုံးတက်ရောက်ခွင့်ရခဲ့သော ကြောင့် ထရီဆာမေက ဂုဏ်ပြုကြိုဆိုရန်စီစဉ် နေခြင်းဖြစ်ကြောင်း ၎င်း၏ပြောရေးဆိုခွင့် ရှိသူက သတင်းထောက်များအား ပြောကြား သည်။

''ကျွန်မတို့အနေနဲ့ အင်္ဂလန်ဘောလုံး အသင်းကို လက်ခံတွေ့ဆုံဖြစ်မှာပါ။ သူတို့က ရုရှားမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ ပါတယ်။ ဒီကိစ္စကို FA (အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်) နဲ့ ဆွေးနွေးညှိနှိုင်းသွားမှာပါ''ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဝန်ကြီးချုပ်သည် ပြိုင်ပွဲဝင်အသင်းများအနက် တတိယအသက် အငယ်ဆုံးအသင်းဖြစ်သည့် အင်္ဂလန်အသင်းအား အောင်မြင်မှုရရှိစေရန် စွမ်းဆောင်ပေး ခဲ့သည့် နည်းပြဆောက်ဂိတ်၏ ကြိုးစားအား ထုတ်မှုကိုလည်း ချီးကျူးနေကြောင်း ၎င်းင်း၏ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြား သည်။

''သူဟာ အသင်းကို အံ့အားသင့်ဖွယ် ကောင်းအောင် ဦးဆောင်နိုင်ခဲ့ပြီး အင်္ဂလန် အသင်းရဲ့ ရပ်တည်မှုအတွက် တစ်နိုင်ငံလုံး က ဂုဏ်ယူသင့်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်''ဟု ၎င်းက ပြောကြားသည်။

သို့သော် ဆောက်ဂိတ်အား ဆာဘွဲ့ချီးမြှင့် ရန် အစီအစဉ်ရှိ၊ မရှိကိုမူ အတည်ပြုပြောကြား နိုင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

အင်္ဂလန်အသင်းအား အနိုင်ယူပြီး ကမ္ဘာ့ ဖလား ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက် ရောက်ခွင့်ရခဲ့သည့် ခရိုအေးရှားအသင်းကိုလည်း ဝန်ကြီးချုပ် ပလန်ကိုဗစ်က ချီးကျူး ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁၂ ရက် က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး တွင် ဝန်ကြီးချုပ်ပလန်ကိုဗစ်အပါအဝင် တက်ရောက်လာသူ ဝန်ကြီးအားလုံးက ခရို အေးရှားအသင်းဂျာစီ ဝတ်ဆင်၍ ဂုဏ်ပြုခဲ့ ခြင်းဖြစ်သည်။

Photos:AFP

Most Read

Most Recent