ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 18 June 2018

ဆွီဒင် နှင့် တောင်ကိုရီးယား (မြန်မာစံတော်ချိန် တနင်္လာညနေ ၆း၃၀ နာရီ)

ဆွီဒင်က အီဘရာဟီမိုဗစ်မပါတာ အံ့သြစရာပဲ။ သူ့ရဲ့အတွေ့အကြုံနဲ့ အရည်အသွေးက ကောင်းကောင်းသုံးလို့ရပါသေးတယ်။ ဒီအသင်းရဲ့တိုက်စစ်က သိသိသာသာအားနည်းနေတယ်။ ဆွန်ဟောင်မင် ဦးဆောင်လာမယ့် တောင်ကိုရီးယားက ဆွီဒင်ကို ဒုက္ခပေးနိုင်ပါတယ်။ သရေခံကစားနိုင်တယ်။

ဘယ်လ်ဂျီယံ နှင့် ပနားမား (မြန်မာစံတော်ချိန် တနင်္လာည ၉း၃၀ နာရီ)

ဘယ်လ်ဂျီယံက ဂိုးသွင်းလေ့ကျင့်နေတဲ့အသင်းလို့ ပြောရလောက်အောင် ခြေစွမ်းပွဲတွေမှာရော၊ ခြေစစ်ပွဲမှာပါ ခြေစွမ်းပြခဲ့တယ်။ အသင်းရဲ့ခြေစွမ်း၊ အင်အား၊ ယုံကြည်မှုက အမြင့်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီပွဲမှာလည်း ဘယ်လ်ဂျီယံ ဂိုးတွေသွင်းဦးမယ်။

တူနီးရှား Vs အင်္ဂလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၀၀း၃၀ နာရီ)

အင်္ဂလန်ကတော့ ဒီပွဲကို ပေါ့ပေါ့လေး သဘောထားမှာပဲ။ ဒါပေမဲ့ တူနီးရှားက ပေါ်တူဂီ၊ တူရကီ၊ စပိန်တို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့တာကို သတိပြုသင့်တယ်။ တူနီးရှားက ခံစစ်မှာ ပိတ်ဆို့ကစားလိမ့်မယ်။ အင်္ဂလန်က တစ်ပွဲလုံးစီးထားမယ်။ လိုအပ်တဲ့အနိုင်ဂိုးရသွားမယ်။ (၂-ဝ)လောက်ဖြစ်နိုင်တယ်။

Most Read

Most Recent