ရီးယဲလ်နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် လိုပယ်တယ်ဟီကို စပိန်နည်းပြရာထူးမှ အံ့အားသင့်ဖွယ်ထုတ်ပယ်

ရီးယဲလ်နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် လိုပယ်တယ်ဟီကို စပိန်နည်းပြရာထူးမှ အံ့အားသင့်ဖွယ်ထုတ်ပယ်
Published 13 June 2018

 

Photo:AFP

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)သည် ပေါ်တူဂီအသင်းနှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကစားရန် (၂)ရက်အလိုတွင် အသင်းနည်းပြဖြစ်သူ လိုပယ်တယ်ဟီကို ရာထူးမှအံ့အားသင့်ဖွယ်ထုတ်ပယ်ခဲ့သည်။

လိုပယ်တယ်ဟီသည် ပြီးခဲ့သည့်အင်္ဂါနေ့တွင် ရီးယဲလ်အသင်းနည်းပြသစ်အဖြစ် မထင်မှတ်ဘဲ ကြေညာခဲ့ရပြီး နောက်တစ်နေ့တွင်ပင် နိုင်ငံလက်ရွေးစင်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရခြင်းဖြစ်သည်။

RFEFသည် လိုပယ်တယ်ဟီအား ရာထူးမှထုတ်ပယ်မှုကို အတည်ပြုခဲ့ပြီး ရီးယဲလ်အသင်းနှင့် စာချုပ်ချုပ်ဆိုမှုကို RFEFသို့ မည့်သည့်အကြောင်းပြချက်မျှမပေးသည့် ပြစ်ချက်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၅၁)နှစ်အရွယ်ရှိ လိုပယ်တယ်ဟီသည် ပြီးခဲ့သည့်လကမှ စပိန်အသင်းနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီးအထိ စာချုပ်သက်တမ်းတိုးထားသူဖြစ်သည်။

RFEFသည် လိုပယ်တယ်ဟီ၏နေရာတွင် လက်ရွေးစင်အသင်းနှင့်အတူ အားကစားဒါရိုက်တာအဖြစ် လိုက်ပါလာသည့် ဖာနန်ဒိုဟီယာရိုကို အစားထိုးတာဝန်ပေးဖွယ်ရှိနေသည်။

 

Most Recent