မိုရာတာကို ဇန်နဝါရီလတွင် အငှားခေါ်ယူရန် ဝက်စ်ဟမ်း ပစ်မှတ်ထား

မိုရာတာကို ဇန်နဝါရီလတွင် အငှားခေါ်ယူရန် ဝက်စ်ဟမ်း ပစ်မှတ်ထား
Published 20 September 2018

 

Photo: AS

ဝက်စ်ဟမ်းအသင်းသည် ချယ်လ်ဆီးအသင်း၏ စပိန်တိုက်စစ်မှူး မိုရာတာကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း သိရှိရသည်။

မိုရာတာသည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူဖြစ်ပြီး လက်ရှိနည်းပြ ဆာရီ၏ လက်အောက်တွင်လည်း ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသည်။

လက်ရှိ ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီသည် စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းအား ၂၀၀၉-၁၀ ဘောလုံးရာသီက ကိုင်တွယ်ခဲ့ရာ ထိုစဉ်က မိုရာတာသည် ရီးယဲလ်မက်ဒရစ်လူငယ်အသင်းတွင် ကစားလျက်ရှိသည်။

သို့ဖြစ်ရာ ပယ်လီဂရီနီအနေဖြင့် မိုရာတာ (၂၅ နှစ်) အား မည်ကဲ့သို့ အသုံးချရမည်ဆိုသည်ကို သိနားလည်ထားသည်ဟု Daily Star သတင်းစာက ဖော်ပြခဲ့သည်။ မိုရာတာသည် ချယ်လ်ဆီးအသင်းတွင် ပြိုင်ပွဲစုံ (၅၃)ပွဲကစားရာ၌ (၁၆)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent