မိုဒရစ်အား အသင်းခေါင်းဆောင် ရာမို့စ်နှင့် လစာတန်းတူပေး၍ ရီးယဲလ်အသင်း သက်တမ်းတိုးမည်

မိုဒရစ်အား အသင်းခေါင်းဆောင် ရာမို့စ်နှင့် လစာတန်းတူပေး၍ ရီးယဲလ်အသင်း သက်တမ်းတိုးမည်
Published 12 August 2018

 

Photos: Getty Images

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနွေရာသီတွင် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် ကွင်းလယ်ကစားသမား မိုဒရစ်အား အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ် နှင့် လစာတန်းတူပေး၍ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း သိရသည်။

ခရိုအေးရှားလက်ရွေးစင်အသင်းခေါင်းဆောင် မိုဒရစ်သည် လာမည့်စက်တင်ဘာတွင် အသက် (၃၃) နှစ်ပြည့်မည်ဖြစ်ပြီး ၎င်းအား စီးရီးအေကလပ် အင်တာမီလန်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေသလို ကာယကံရှင် ကိုယ်တိုင်ကလည်း အသင်းမှထွက်ခွာရန် ဆန္ဒရှိနေကြောင်း အီတလီအခြေစိုက်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။

သို့သော် ရီးယဲလ်အသင်းအနေဖြင့် အသင်းခေါင်းဆောင် ရာမို့စ်ရရှိနေသည့် တစ်နှစ်လစာ ယူရို (၁၁)သန်းဖြင့် သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ရာ သဘောတူညီမှုရရှိခဲ့ကြောင်း Marca နှင့် AS သတင်းစာက သြဂုတ် (၁၀) ရက်တွင် ဖော်ပြခဲ့သည်။

မိုဒရစ်သည် မိသားစုနှင့်တိုင်ပင်ပြီးနောက် သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စာချုပ်သစ်အရ ဂါရတ်ဘေးလ် ပြီးလျှင် လစာအများဆုံးအဖြစ် (ရာမို့စ်နှင့်အတူ) ရပ်တည်နိုင်မည်ဖြစ်သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်တွင် စပါးအသင်းမှ ပြောင်းရွှေ့ လာပြီးနောက် (၆)ရာသီအတွင်း ချန် ပီယံလိဂ်ဖလား (၄)ကြိမ်၊ လာလီဂါချန်ပီယံ (၁)ကြိမ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား (၁)ကြိမ်စီ ဆွတ်ခူးရရှိထားသည်။