အီဂျစ်တောင်ပံကစားသမား ဆာလာ ကြံ့ခိုင်မှုပြည့်ဝနေဟု နည်းပြဖြစ်သူ အတည်ပြု

အီဂျစ်တောင်ပံကစားသမား ဆာလာ ကြံ့ခိုင်မှုပြည့်ဝနေဟု နည်းပြဖြစ်သူ အတည်ပြု
Published 20 June 2018

Photo:AFP

အီဂျစ်အသင်းနည်းပြ ဟက်တာကူးပါးက အသင်း၏အဓိကကစားသမား ဆာလာမှာ ပွဲကစားရန် ကြံ့ခိုင်မှုပြည့်ဝနေသည်ဟု အတည်ပြုခဲ့သည်။

'' ဆာလာ ပွဲကစားနိုင်တဲ့ကြံ့ခိုင်မှုရှိနေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်အမြင်အရတော့ သူကစားနိုင်ပါလိမ့်မယ်။ သူဟာ အသင်းရဲ့အဓိကအပိုင်းအစပဲဖြစ်ပါတယ်''ဟု ဟက်တာကူးပါးက ပြောကြားခဲ့သည်။

သို့သော် ဆာလာအနေဖြင့် ပွဲမကစားမီ စမ်းသပ်မှုခံယူရန် လိုအပ်နေသေးကြောင်းလည်း သိရသည်။

ဆာလာအနေဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် အင်္ကျ ီကိုမတင်ရန် အသင်းဖော်(၃)ဦး၏အကူအညီကို ယူခဲ့ရကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။

ရုရှားနည်းပြ ချယ်ချီဆော့ဗ်ကမူ ဆာလာကိုရပ်တန့်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ကြုံးဝါးခဲ့သည်။

Most Read

Most Recent