ယနေ့ညနှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညနှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 April 2018

ဒီယွန်းနှင့် လိုင်ယွန်တို့ ပထမအကျော့တွေ့ဆုံခဲ့စဉ် (Photo:AFP)

■ စပိန်လာလီဂါပွဲစဉ်

■ လီဟာနက်စ် နှင့် ဒီပို့တီဗို (၂၁-၄-၂၀၁၈ နံနက် ၁း၃၀ နာရီ)
ဒီပို့တီဗိုရဲ့ တန်းမဆင်းရရေးမျှော်လင့်ချက်က ပြန်လည်အားကောင်းလာတယ်။ နည်းပြသစ်ဆီးဒေ့ါဖ်လက်ထက်မှာ ဒီပို့တီဗို ကစားပုံအပြောင်းအလဲဖြစ်ခဲ့ပေမယ့် အစောပိုင်းမှာတော့ ရုန်းကန်ခဲ့ရတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းပြန်လျော့သွားပြီး ဂိုးတွေလည်း ပြန်ပေးလာတာတွေ့ရလို့ ဒီပွဲမှာလည်း ဒီပို့တီဗိုကို သိပ်စိတ်ချထားလို့တော့မရသေးဘူး။ လီဟာနက်စ်ကလည်း အိမ်ကွင်းမှာ အတိမ်းအစောင်းနည်းအောင် ကစားပြနေတာကို တွေ့ရတယ်။ ဒီပို့တီဗိုအတွက် သရေရလဒ်က အမြင့်ဆုံးပါပဲ။

 

■ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်

■ မိုချန်ဂလာဘတ် နှင့် ဝုလ်ဖ်ဘတ် (၂၁-၄-၂၀၁၈ နံနက် ၁း၀၀ နာရီ)
မိုချန်ဂလာဘတ်က ဥရောပဝင်ခွင့် မျှော်လင့်ချက်လည်း မှေးမှိန်လာပြီ။ ဒီလိုအခြေအနေမှာ မိုချန်အသင်း ဘယ်လိုကစားသွားမလဲ။ ဝုလ်ဖ်ဘတ်အသင်းကို တွဲခေါ်ဖို့က ဖြစ်နိုင်ခြေရာခိုင်နှုန်းများပါတယ်။ ရလဒ်လည်းတက်လာတဲ့ ဝုလ်ဖ်ဘတ် အမှတ်ရလိမ့်မယ်။

 

■ ပြင်သစ်လီဂူးပွဲစဉ်များ

 ■ နန့်စ် နှင့် ရန်းစ် (၂၀-၄-၂၀၁၈ ည ၁၂း၀၀ နာရီ)
ယူရိုပါလိဂ်ဝင်ခွင့်အတွက် နှစ်သင်းစလုံးအမှတ်လိုနေပါတယ်။ ဒါပေမဲ့ လတ်တလောရလဒ်တွေမှာ နှစ်သင်းစလုံးမျက် နှာပန်းမလှဘူး။ သရေကျဖို့များပါတယ်။

■ ဒီယွန်း နှင့် လိုင်ယွန် (၂၁-၄-၂၀၁၈ နံနက် ၁း၃၀ နာရီ)
တန်းဆင်းရမယ့်အန္တရာယ်ကနေ အနည်းငယ်စိတ်အေးရမယ့် အခြေအနေကို ဒီယွန်း ပိုင်ဆိုင်ထားပါပြီ။ လိုင်ယွန်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်လျော့၊ အမှားခံလို့မရသေးဘူး။ ဒါပေမဲ့ ဒီယွန်းနဲ့တွေ့တိုင်း နိုင်ပွဲရဖို့ လိုင်ယွန် ရုန်းကန်ရတတ်တာကို သတိထားရမယ်။ လိုင်ယွန်နဲ့တွေ့တိုင်း ဒီယွန်းဂိုး မြူးလေ့ရှိလို့ လိုင်ယွန် ကပ်နိုင်ဖို့ပဲ များပါတယ်။

Most Read

Most Recent