<

ကိုပါအီတာလီယာ တတိယအဆင့် ပွဲကြိုသုံးသပ်ချက်

■ ဘင်နီဗန်တို နှင့် ပီရူးဂျီယာ(၁၃-၈-၂၀၁၇ နံနက် ၁း၀၀ နာရီ)
ဘင်နီဗန်တိုက စီးရီးဘီကစားသမားတွေကိုပဲ အသင်းအတွက် ထပ်မံအားဖြည့်ထားတယ်။ ဒါကြောင့် အသင်းအနေအထားက ထူးထူးခြားခြား တက်လာဖို့မရှိပါဘူး။ ပီရူးဂျီယာကိုပဲ ကြိုက်တယ်။

■ ဆာဆူအိုလို နှင့် စပီဇီယာ(၁၃-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ)
စပီဇီယာအသင်းကတော့ ပြီးခဲ့တဲ့ရာသီ စီးရီးဘီမှာ Play-offs အဆင့်အထိ ရောက်ရှိခဲ့တာပါ။ ဒါပေမဲ့ ဆာဆူအိုလိုလို စီးရီးအေအလယ်အလတ်တန်းစားဖြစ်လာတဲ့အသင်းကို အနိုင်ယူ ကျော်ဖြတ်ဖို့ ထင်သလောက်မလွယ်ကူပါဘူး။ ဆာဆူအိုလိုပဲ အနိုင်သေချာတယ်။

■ အူဒီးနီးစ် နှင့် ဖရိုဆီနိုနီ(၁၃-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အူဒီးနီးစ်အသင်း နွေရာသီမှာ အတော်လေးပြင်ဆင်ထားတာတွေ့ရတယ်။ စီးရီးအေပြိုင်ပွဲရာသီ မစတင်မီကစားရတာ ဖြစ်လို့ ပရိသတ်ကျေနပ်အောင်တော့ အူဒီးနီးစ် ကြိုးစားကစားပြလိမ့်မယ်။ ဖရိုဆီနိုနီကလည်း အဆိပ်ရှိတဲ့အသင်းပါ။ ဒါပေမဲ့ အူဒီးနီးစ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရလိမ့်မယ်။

■ ချီယေဗို နှင့် အက်စ်ကိုလီ(၁၃-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ချီယေဗိုရဲ့နွေရာသီအပြောင်းအရွှေ့က အ၀င်အထွက်အတော်နည်းပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီ အသင်းအထိုင်ကိုပဲ အထိုင်ထားပြန်တည်ဆောက်မှာပါ။ စီးရီးဘီကလပ် အက်စ်ကိုလီ သေချာပေါက်အရှုံးပေးရမယ်။

■ ဆမ်ဒိုးရီးယား နှင့် ဖော့ဂျီယာ(၁၃-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဆမ်ဒိုးရီးယားက အဓိကကစားသမား အတော်များများ လက်လွှတ်လိုက်ရသလို၊ အသင်းကို အသစ်ရောက်လာသူတွေ များပါတယ်။ တည်ငြိမ်မှုရဖို့ အတော်
လေး တည်ဆောက်ယူရဦးမယ်ထင်တယ်။ ဖော့ဂျီယာက စီးရီးဘီကို တန်းတက်လာတဲ့အသင်းပါ။ ဆမ်ဒိုးရီးယား လိုအပ်သလောက် ဂိုးပြတ်ဖို့မလွယ်ဘူး။

■ ကာဂလီယာရီ နှင့် ပါလာမို(၁၃-၈-၂၀၁၇ နံနက် ၁း၄၅ နာရီ)
ပါလာမိုအသင်း စီးရီးအေတန်းပြန်တက်ခွင့်ရဖို့ အရှိန်ပြန် ယူရဦးမယ်။ ဒါပေမဲ့ စီးရီးအေအသင်းတစ်သင်းကိုနိုင်ရင် ပါလာ မိုအနေနဲ့ အသင်းကိုလည်း Motivate လုပ်ပေးရာကျလိမ့်မယ်။ ပါလာမိုနဲ့စွန့်စားချင်တယ်။

အခြားပွဲစဉ်များ

ဘိုလော့ဂ်နာ – စစ်တာဒယ်လာ(၁၃-၈-၂၀၁၇ နံနက် ၀၀း၃၀ နာရီ)
ဘရက်စီယာ – ပက်စ်ကာရာ(၁၃-၈-၂၀၁၇ နံနက် ၁း၀၀ နာရီ)
ကာပီ – ဆလာနီတာနာ(၁၃-၈-၂၀၁၇ နံနက် ၁း၀၀ နာရီ)
ပေါ်ဒီနိုနေ – လက်ချီ(၁၃-၈-၂၀၁၇ နံနက် ၁း၀၀ နာရီ)
SPAL – ရီနာတေ(၁၃-၈-၂၀၁၇ နံနက် ၁း၀၀ နာရီ)
ခရိုတိုနီ – ပီယာစင်ဇာ(၁၃-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဘာရီ – ခရီမိုနီဆီ(၁၃-၈-၂၀၁၇ နံနက် ၁း၃၀ နာရီ)

 

 

 

August 15, 2017














Copy Protected by Chetan's WP-Copyprotect.