ပေါ့ဘာလက်သစ်ဟု နာမည်ကြီးနေသည့် လိုင်လီအသင်းမှ ပြင်သစ်ဆယ်ကျော်သက် ဆူမာရေးကို မန်စီးတီး စောင့်ကြည့်နေ

ပေါ့ဘာလက်သစ်ဟု နာမည်ကြီးနေသည့် လိုင်လီအသင်းမှ ပြင်သစ်ဆယ်ကျော်သက် ဆူမာရေးကို မန်စီးတီး စောင့်ကြည့်နေ
Published 23 January 2018

Photo: Getty Images

မန်စီးတီးအသင်းသည် ပေါ့ဘာလက်သစ်ဟု နာမည်ကြီးနေသည့် လိုင်လီအသင်းမှ ပြင်သစ်ဆယ်ကျော်သက်ကစားသမား ဆူမာရေးကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလတွင် အသက်(၁၉)နှစ်ပြည့်မည့် ဆူမာရေးသည် PSG အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၁၇ ခုနှစ်ကမှ လိုင်လီအသင်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

အရပ်(၆ပေ၊ ၂လက်မ)မြင့်ပြီး box-to-box ကစားသည့် ဆူမာရေးသည် လူငယ်အသင်းများတွင် ပါဝင်ကစားခဲ့စဉ်ကပင် ပေါ့ဘာလက်သစ်ဟု တင်စားခံခဲ့ရခြင်းဖြစ်ပြီး မန်စီးတီးအပြင် လက်စတာနှင့် အဲဗာတန်အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

မန်စီးတီးအကယ်ဒမီ၏ အကြီးအကဲဖြစ်သူ ဘရိုင်ယန်မားဝုဒ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လိုင်လီအသင်း၏ ပြင်သစ်လီဂူးပွဲစဉ်ကို သွားရောက်ကြည့်ရှုပြီး ဆူမာရေး၏ခြေစွမ်းကို လေ့လာခဲ့ကြောင်းလည်း သိရှိရသည်။

သက်တမ်းအလိုက် ပြင်သစ်လူငယ်အသင်းအဆင့်ဆင့်တွင် ပါဝင်ခဲ့ပြီး ထိပ်တန်းကစားသမားဖြစ်လာနိုင်သူဟု ထင်ကြေးပေးခံနေရသော ဆူမာရေးကို လိုင်လီအသင်းက ပေါင်သန်း(၂၀)ဝန်းကျင်ဖြင့် ရောင်းထုတ်ဖွယ်ရှိနေကြောင်းလည်း သိရှိရသည်။