၁၈၇၆ ရက်ကြာ ချန်ပီယံအောင်မြင်မှုနှင့်ဝေးကွာနေခြင်းကို တိုက်ဂါးဝုဒ် အဆုံးသတ်

၁၈၇၆ ရက်ကြာ ချန်ပီယံအောင်မြင်မှုနှင့်ဝေးကွာနေခြင်းကို တိုက်ဂါးဝုဒ် အဆုံးသတ်
Published 25 September 2018

[caption id="attachment_83974" align="alignnone" width="990"]  Sam Greenwood/Getty Images/AFP

[/caption]

ကမ္ဘာ့အဆင့် (၁) ဂေါ့ဖ်ကစားသမား ဟောင်းဖြစ်သည့် တိုက်ဂါးဝုဒ်သည် ၂၀၁၈ ခုနှစ် PGA Tour ပြိုင်ပွဲ၏ ရာသီပိတ် Tour Championship ပြိုင်ပွဲတွင် ဗိုလ်စွဲပြီး ၁၈၇၆ ရက် (ငါးနှစ်ကျော်) ကြာ ချန်ပီယံအောင်မြင် မှုနှင့် ဝေးကွာနေခြင်းကို အဆုံးသတ်နိုင်ခဲ့ ကြောင်း သိရသည်။

တိုက်ဂါးဝုဒ်သည် ပြိုင်ပွဲပထမနေ့မှာပင် လျှော့ရိုက်ချက်ငါးချက်ဖြင့် ရစ်ကီဖောင်လာ နှင့်အတူ ပူးတွဲဦးဆောင်နိုင်ခဲ့ပြီး ဒုတိယနေ့ တွင် နှစ်ချက်လျော့ထပ်ရိုက်ကာ ဂျပ်စတင်ရို့စ်နှင့် ဆက်လက်ဦးဆောင်ခွင့်ရခဲ့သည်။

၎င်းသည် တတိယနေ့တွင်လည်း ငါးချက် လျော့ရိုက်နိုင်ခဲ့သောကြောင့် ထိပ်ဆုံးမှ သုံး ချက်အသာဖြင့် လွတ်လွတ်ကျွတ်ကျွတ် ဦး ဆောင်ခွင့်ရခဲ့ပြီး နောက်ဆုံးနေ့တွင် သတ်မှတ်ရိုက်ချက်ထက် တစ်ချက်ပိုဖြစ်သွားသော် လည်း စုစုပေါင်းရိုက်ချက် ၂၆၉ ချက်၊ လျှော့ ရိုက်ချက် ၁၁ ချက်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

တိုက်ဂါးဝုဒ်သည် ချန်ပီယံဆုရယူနိုင်သော ကြောင့် ဆုကြေး ဒေါ်လာ ၁ ဒသမ ၆၂ သန်း ဆွတ်ခူးရရှိပြီး ဘီလီဟော်ရှယ်က နှစ်ချက် အကွာဖြင့် ဒုတိယ၊ ဒပ်စတင်ဂျွန်ဆင်က လေး ချက်အကွာဖြင့် တတိယရရှိကာ ဂျပ်စတင်ရို့စ် က မတ်ဆုယာမ၊ ဝက်ဘ်ဆင်ပဆင်တို့နှင့် အတူ ငါးချက်အကွာဖြင့် ပူးတွဲစတုတ္ထနေရာ ရပ်တည်နိုင်ခဲ့သည်။

Kevin C. Cox/Getty Images/AFP

မေဂျာချန်ပီယံဆု (၁၄) ကြိမ်ရရှိဖူးသည့် တိုက်ဂါးဝုဒ် (၄၂ နှစ်) သည် ၂၀၁၃ ခုနှစ် WGC-Bridgestone Invitational ပြိုင်ပွဲနောက်ပိုင်း ချန်ပီယံအောင် မြင်မှုနှင့် ငါးနှစ်ကျော်ကြာ ဝေးကွာနေခြင်းကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး PGA Tour  ပြိုင်ပွဲများတွင် အကြိမ် ၈၀ မြောက် ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။

၎င်းသည် ကျော ဒဏ်ရာခွဲစိတ်ကုသမှုကြောင့် နှစ်နှစ်ကြာ အနားယူခဲ့ရသော်လည်း ယခုနှစ်ဇန်နဝါရီမှ စ၍ ပြိုင်ပွဲများ ပုံမှန်ယှဉ်ပြိုင်လာနိုင်ပြီး ချန် ပီယံဆုကို တစ်ကျော့ပြန် ရယူနိုင်ခြင်းဖြစ်သည်။

''နောက်ဆုံးကျင်းကစားတဲ့အချိန် ကျွန် တော့်မျက်လုံးမှာ မျက်ရည်နည်းနည်းစို့လာတယ်။ ကျွန်တော်လုပ်နိုင်မယ်ဆိုတာ မယုံနိုင် ခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်နှစ်လောက်က တကယ်ခက်ခဲခဲ့ပါတယ်''ဟု ၎င်းင်းက ပြောကြားသည်။