''The Best''ဆုပေးပွဲသို့ မက်ဆီ တက်ရောက်မည်

''The Best''ဆုပေးပွဲသို့ မက်ဆီ တက်ရောက်မည်
Published 24 September 2018

 (Photo by Josep LAGO / AFP)

ဘာစီလိုနာနှင့် အာဂျင်တီးနားလက် ရွေးစင်အသင်းခေါင်းဆောင် မက်ဆီသည် FIFA ''The Best'' အကောင်းဆုံးကစားသမား ဆု အပြီးသတ်သုံးဦးစာရင်းတွင် မပါဝင်သော်လည်း ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက် ရောက်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံးဆုကို ငါးကြိမ် (၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅) အထိ ဆွတ်ခူးရရှိထားသူ မက်ဆီသည် ၂၀၀၇ ခုနှစ် မှစ၍ အပြီးသတ်စာရင်း၌ နှစ်စဉ်ပါဝင်ခဲ့ သော်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

သို့သော် မက်ဆီသည် အကောင်းဆုံးသွင်းဂိုး (ပွတ်ရှ်ကပ်စ်) ဆုနှင့် FIFPro World XI အသင်းအတွက် ဆန်ခါတင်စာရင်း ပါဝင်နေသောကြောင့် ဆု ပေးပွဲသို့ တက်ရောက်ခြင်းဖြစ်ကြောင်း သိရ သည်။

မက်ဆီသည် ပွတ်ရှ်ကပ်စ်ဆုအတွက် ဆန်ခါ တင်စာရင်းတွင် စီရော်နယ်လ်ဒို၊ ဘေးလ်၊ ချီရီရှက်ဗ်၊ ပါဗာ၊ ဆာလာ၊ ကွာရက်စ်မာ၊ လာဇာရော့စ်၊ ဒီအာရက်စ်ကေတာ၊ မက်ဂရီးတို့ နှင့်အတူ ရွေးချယ်ခံထားရသည်။

၎င်းအနေဖြင့် '' The Best'' ဆုအဖြစ် အမည်ပြောင်းလဲပြီးနောက် ကမ္ဘာ့အကောင်းဆုံးဆုကို တစ်ကြိမ်မျှ မဆွတ်ခူးနိုင်သေးကြောင်း သိရသည်။

ယခုနှစ် ''The Best'' အကောင်းဆုံးဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းတွင် စီရော်နယ်လ်ဒို၊ မိုဒရစ်၊ ဆာလာတို့ပါဝင်နေပြီး မိုဒရစ်က ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။