Lethwei Nation မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲတွင် ရဲသွေးနီ တစ်ဦးသာ အနိုင်ရ

Lethwei Nation မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲတွင် ရဲသွေးနီ တစ်ဦးသာ အနိုင်ရ
Published 24 September 2018

Lethwei Nation မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပရာ မြန်မာ-ထိုင်း တွဲ ဆိုင်းများတွင် ရဲသွေးနီတစ်ဦးတည်းသာ အလဲထိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

Photo - ကောင်းထက်အောင်

ယခုပွဲစဉ်တွင် တွဲဆိုင်းစုစုပေါင်း ရှစ် ဆိုင်း ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာ-ထိုင်း တွဲဆိုင်း သုံးဆိုင်းပါဝင်ခဲ့သည်။ စောဖိုးထွန်း (မြန်မာ)နှင့် ရောဝီထရာ (ထိုင်း) တို့၏ တွဲ ဆိုင်းမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်သော်လည်း လေးချီမြောက် တွင် ရောဝီထရာ၏ တံတောင်ရိုက်ချက် ကြောင့် စောဖိုးထွန်း နဖူးကွဲဒဏ်ရာရရှိပြီး ဆေးရှုံးဖြင့် အရှုံးပေးခဲ့ရသည်။

Photo - ကောင်းထက်အောင်

ရဲသွေးနီ (မြန်မာ) နှင့် ခင်မိုးအင်တာမန်း (ထိုင်း) တို့၏ ပွဲစဉ်တွင် ရဲသွေးနီက လက်ရည်အသာဖြင့် အစီးထိုးနိုင်ခဲ့ပြီး ပထမအချီမှာပင် ခင်မိုး အင်တာမန်း အနားတောင်းခဲ့ရသည်။ လက် ကျန်မိနစ်များ ဆက်လက်ထိုးသတ်ခဲ့ရာ ရဲ သွေးနီက ဝဲယာပင့်လက်သီးတွဲလုံးများဖြင့် အလဲထိုးကာ အနိုင်ရခဲ့သည်။မြန်မာကိုယ်စားပြု ထိုးသတ်သည့် ခနဲ ကို (ဂျပန်) နှင့် ဖစ်တို့၏ပွဲစဉ်တွင် မွေထိုင်း လက်ဝှေ့သမား ဖစ်က လက်ရည်အသာဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီမှာပင် ဒူးတိုက် ချက်ဖြင့် အလဲထိုးအနိုင်ရခဲ့သည်။

Photo - ကောင်းထက်အောင်

၄၈ ကီလို တန်း ဆီမီးဖိုင်နယ်တွင် ချစ်ဆူးငယ်က စော ထွန်းငယ်ကို အမှတ်ဖြင့်လည်းကောင်း၊ သန့် စင်ထူးက ထက်လင်းဦးကို အမှတ်ဖြင့်လည်း ကောင်း အနိုင်ရခဲ့သည်။

Photo - ကောင်းထက်အောင်

၇၅ ကီလိုတန်းဆီမီးဖိုင်နယ်တွင် စိုးမောင်ဦးက ထွန်းလင်း ခန့်ကို ဒုတိယအချီတွင် အလဲထိုးခဲ့ပြီး စော ဆဝါးကလည်း ထွန်းတောက်ကြယ်ကို ဒုတိယ အချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။ အမျိုးသမီးစိန်ခေါ်တွဲဆိုင်းတွင် နော်ဥမ္မာ စိုးနှင့် စုလှိုင်ဦးတို့ ပူးတွဲသရေရလဒ်ဖြင့် ပြီး ဆုံးခဲ့သည်။

Photo - ကောင်းထက်အောင်