အမျိုးသမီးများနှင့်ပတ်သက်သည့်မှတ်ချက်ကို အမ်မရီချန် ပြန်လည်တောင်းပန်

အမျိုးသမီးများနှင့်ပတ်သက်သည့်မှတ်ချက်ကို အမ်မရီချန် ပြန်လည်တောင်းပန်
Published 21 September 2018

Photo: Getty Images

ဂျူဗင်တပ်စ်အသင်း၏ ဂျာမနီလက်ရွေးစင်ကွင်းလယ်လူ အမ်မရီချန်က အသင်းဖော် စီရော်နယ်လ်ဒို၏ဖြစ်ရပ်နှင့် ပတ်သက်ပြီး "ဆံပင်ဆွဲကာ ရန်တွေ့ရန် မိမိတို့မှာ အမျိုးသမီးများမဟုတ်" ဟု ပြောကြားခဲ့ခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်လာရာ ပြန်လည်တောင်းပန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အမ်မရီချန်က မိမိအနေဖြင့် အမျိုးသမီးများအား နှိမ့်ချပြောဆိုခဲ့ခြင်းမရှိသလို အမျိုးသမီးဘောလုံးလောကကိုလည်း မိမိတို့နှင့် တန်းတူသတ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။

အမ်မရီချန်က "ကျွန်တော့်အနေနဲ့ ဘယ်တုန်းကမှ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံတာမျိုးမရှိခဲ့ပါဘူး။ သူတို့ကို လေးစားမှုအပြည့်ရှိပါတယ်။ ကျွန်တော့်စကားကြောင့် အမျိုးသမီး တွေကို ခွဲခြားဆက်ဆံသလိုဖြစ်ခဲ့ရင် တောင်းပန်လိုပါတယ်"ဟု ပြောကြားခဲ့သည်။

Photo: Getty Images

စီရော်နယ်လ်ဒိုသည် အဆိုပါပွဲစဉ်တွင် ဗလင်စီယာအသင်းနောက်ခံလူ မူရယ်ယိုအား ဆံပင်ဆွဲသည်ဟုဆိုကာ ကွင်းလယ်ဒိုင် ဖီးလစ်ဘရစ်ချ်က တိုက်ရိုက်အနီကတ်ပြခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ဗလင်စီယာနှင့် ပွဲတွင် တိုက်ရိုက်အနီကတ်အပြခံခဲ့ရသည့်အတွက် (၁)ပွဲပယ်ပြစ်ဒဏ်ကို ကျိန်းသေကျခံရမည်ဖြစ်ကာ အောက်တိုဘာ (၂)ရက်နေ့တွင် ကစားမည့် ယန်းဘွိုင်းစ်အသင်းနှင့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။