■ ယနေ့ညကစားမည့် ယူရိုပါလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ညကစားမည့် ယူရိုပါလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 20 September 2018

Photo: Getty Images

PAOK နှင့် ချယ်လ်ဆီး (ကြာသပတေးည ၁၁း၂၅ နာရီ)
ချယ်လ်ဆီးအသင်းက နည်းပြသစ် ဆာရီလက်ထဲမှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး တာထွက်ကောင်းနေတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ မန်ယူ၊ အာဆင်နယ်တို့လို ယူရိုပါလိဂ်ကို ဖိဖိစီးစီးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေရှိပေမယ့် အများစုကတော့ အာရုံစိုက်မှုလျော့နည်းတတ်ပါတယ်။ ဆာရီကရော ယူရိုပါလိဂ်ကို ဘယ်လိုရှုမြင်ထားသလဲ။ ဖြစ်နိုင်ခြေရှိတာကတော့ ဒီပွဲပြီးရင် ဝက်စ်ဟမ်း၊ လီဗာပူးလ်(ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလား ၂ ပွဲဆက်) အသင်းတွေနဲ့ ပွဲကျပ်ဆက်တိုက်ယှဉ်ပြိုင်ကစား ရမှာဖြစ်လို့ အရန်ကစားသမားအများစုကို ထုတ်သုံးလာဖို့များတယ်။ PAOK ကတော့ ဂရိထိပ်တန်းကလပ်ဖြစ်ပေမယ့် အိုလံပီယာကော့စ်၊ AEK အေသင်အသင်းတို့လောက် အစဉ်အလာမကြီးမားပါဘူး။ ဒါပေမဲ့ PAOK အသင်းမှာ မှတ်တမ်းကောင်းတစ်ခုတော့ရှိပါတယ်။ ဒါကတော့ အင်္ဂလန်ကလပ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ရှုံးနိမ့်ဖူးခြင်းမရှိဘဲ (၂)ပွဲနိုင်၊ (၂)ပွဲသရေ ကစားထားတာပါ။ ချယ်လ်ဆီးနဲ့ယှဉ်ရင် အဆင့်ချင်းကွာပေမယ့် PAOK နဲ့ပဲ စွန့်စားသင့်တယ်။

 

ဗီလာရီးယဲလ် နှင့် ရိန်းဂျားစ် (ကြာသပတေးည ၁၁း၂၅ နာရီ)
ဗီလာရီးယဲလ်အသင်းက ယူရိုပါလိဂ်မှာ ပွဲအများဆုံးကစားတဲ့အသင်း၊ နိုင်ပွဲအများဆုံးအသင်း၊ သွင်းဂိုးအများဆုံးအသင်းစတဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားတယ်။ ရိန်းဂျားစ်အသင်းကို လီဗာပူးလ်ဂန္ထဝင် ဂျရတ် ကိုင်တွယ်နေတာကလွဲလို့ ကစားသမားပိုင်းက မစွံပါဘူး။ ဗီလာရီးယဲလ် ဂိုးပြတ်နိုင်ဖို့များတယ်။

ဆီဗီလာ နှင့် စတန်းဒတ်လိဂ် (ကြာသပတေးည ၁၁း၂၅ နာရီ)
ဆီဗီလာနည်းပြ မာချင်ရဲ့ပွဲထွက်စာရင်းက အခုအချိန်ထိ အပြောင်းအလဲ အတော်များနေတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်မှာ ဆီဗီလာရဲ့အစဉ်အလာကြီးမားတာ ပစ်ပယ်ထားလို့မရပါဘူး။ စတန်းဒတ်လိဂ်က ဘယ်လ်ဂျီယံမှာ ထိပ်တန်းအဆင့်ကနေတောင် ဖယ်ပေးလိုက်ရတယ်။ ဆီဗီလာကိုပဲ ကြိုက်တယ်။

လာဇီယို နှင့် အပိုလွန်လီမာဆိုးလ် (ကြာသပတေးည ၁၁း၂၅ နာရီ)
ရာသီအစမှာ ပွဲကျပ်တွေများခဲ့လို့ ရလဒ်ဆိုးခဲ့တဲ့ အနေအထားကို တည့်မတ်နိုင်ဖို့ လာဇီယို ကြိုးပမ်းပါလိမ့်မယ်။ အပိုလွန်လီမာဆိုးလ်က Play-offs အဆင့်မှာ ဘေဆယ်ကို ကျော်ဖြတ်လာပေမယ့် လာဇီယိုကိုတော့ ဘယ်လိုမှ ဒုက္ခပေးနိုင်မယ် မထင်ဘူး။ လာဇီယို ဂိုးပြတ်မှာပါ။

မာဆေးလ် နှင့် ဖရန့်ဖတ် (ကြာသပတေးည ၁၁း၂၅ နာရီ)
မာဆေးလ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့အသင်းပါ။ အသင်းမှာ အဓိကကစားသမားပိုင်းကလည်း အပြောင်းအလဲမရှိပါဘူး။ နည်းပြ နီကိုကိုဗက် ချန်ထားခဲ့တဲ့ ဖရန့်ဖတ်ကတော့ ဝရုန်းသုန်းကားအခြေအနေရောက်နေပြီး ရလဒ်ပိုင်းလည်း ထိုးစိုက်ဆင်းနေတယ်။ မာဆေးလ် အနိုင်ကစားသွားဖို့များတယ်။

လူဒိုဂိုရတ်စ် နှင့် လေဗာကူဆင် (သောကြာနံနက် ၁း၃၀ နာရီ)
လေဗာကူဆင်က ရာသီအစမှာ အတော်လေးရုန်းကန်နေရတဲ့အနေအထားပါ။ ယူရိုပါလိဂ်မှာလည်း လေဗာကူဆင် သိပ်ဖိဖိစီးစီးမကစားတတ်တာကို သတိပြုရမယ်။ အဆင့်ချင်းကွာပေမယ့် အိမ်ကွင်းမာတဲ့ လူဒိုဂိုရတ်စ်ကို ရွေးချယ်တာ ပိုကောင်းမယ်။

 

အာဆင်နယ် နှင့် ဗော်ကလာ (သောကြာနံနက် ၁း၃၀ နာရီ)
အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ယူရိုပါလိဂ်ကို ဦးစားပေးကစားမယ်လို့ အရိပ်အမြွက်ဖွင့်ဟထားပါတယ်။ ဒါပေမဲ့ အသင်းပွဲထွက်စာရင်းမှာ အပြောင်းအလဲတချို့ရှိလာနိုင်ပြီး ဂျာမန်ဂိုးသမား လေနိုကတော့ အခုပွဲမှာ ပွဲထွက်ကစားဖို့များပါတယ်။ အီမရိတ်စ်မှာတော့ အာဆင်နယ်အသင်း ဂိုးပြတ်မှာသေချာပါတယ်။

ဒူဒယ်လန့် နှင့် အေစီမီလန် (သောကြာနံနက် ၁း၃၀ နာရီ)
ဒီ(၂)သင်းအကြားမှာ အဆင့်ချင်းတော့ ကွာပါတယ်။ ဒါပေမဲ့ အေစီမီလန်က စီးရီးအေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိန်ခေါ် နိုင်တဲ့အဆင့်ရောက်လာလို့ ပြီးခဲ့တဲ့ရာသီကလောက် ယူရိုပါလိဂ်ကို အာရုံစိုက်နိုင်မယ်မထင်ဘူး။ လီဂီယာဝါဆော၊ ကလုချ်အသင်းတွေကို ဖြတ်ကျော်လာတဲ့ ဒူဒယ်လန့်ကို သတိတော့ထားရမယ်။ ဒူဒယ်လန့် (၃)ဂိုးပြတ်မရှုံးနိုင်ဘူး။

အိုလံပီယာကော့စ် နှင့် ဘက်တစ် (သောကြာနံနက် ၁း၃၀ နာရီ)
အိုလံပီယာကော့စ်အသင်းမှာ နာမည်ကြီးကွင်းလယ်လူ ယာယာတိုရေး ဝင်ကစားဖို့က မသေချာသေးဘူး။ ဒါပေမဲ့ အိုလံပီယာကော့စ်က အိမ်ကွင်းမာဂုဏ်ရှိတဲ့အသင်းပါ။ ဘက်တစ်ကလည်း လာလီဂါမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ယူနေပါတယ်။ အိုလံပီယာကော့စ် ရှုံးဖို့တော့မရှိပါဘူး။

FC ကိုပင်ဟေဂင် နှင့် ဇင်းနစ် (သောကြာနံနက် ၁း၃၀ နာရီ)
FC ကိုပင်ဟေဂင်အသင်းက Play-offs အဆင့်မှာ အတ္တလန်တာအသင်းကို ကျော်ဖြတ်လာတာဖြစ်လို့ လျှော့တွက်လို့ တော့မရဘူး။ ဇင်းနစ်ကတော့ ကစားသမားအင်အားလျော့ကျလာပြီး သိပ်မျှော်လင့်လို့မရတာအမှန်ပါပဲ။ အိမ်ရှင်အသင်း အမှတ်ရမှာပါ။

လိုက်ပ်ဇစ် နှင့် ဆာလ်ဇ်ဘာ့ဂ် (သောကြာနံနက် ၁း၃၀ နာရီ)
ရက်ဘူးလ်ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုအောက်မှာရှိတဲ့ အသင်းအချင်းချင်း တွေ့ဆုံကြတာပါ။ လိုက်ပ်ဇစ်က ပြီးခဲ့တဲ့ရာသီ ယူ ရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားပါတယ်။ ဆာလ်ဇ်ဘာ့ဂ်ကတော့ နောက်ပိုင်းဥရောပပွဲတွေမှာ အနည်း ငယ် ကျလာသလိုပါပဲ။ လိုက်ပ်ဇစ်ကိုပဲ ရွေးချင်တယ်။

ဆဲလ်တစ် နှင့် ရိုစင်ဘော့ (သောကြာနံနက် ၁း၃၀ နာရီ)
ဒီ(၂)သင်းက မကြာသေးမီကမှ ချန်ပီယံလိဂ်ခြေစစ်ပွဲမှာ ဆုံတွေ့ခဲ့ပြီး အခု ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ပြန်လည်ရင်ဆိုင် ကစားရတာပါ။ ဘရန်ဒန်ရော်ဂျာရဲ့ ဆဲလ်တစ်အသင်းက ရိုစင်ဘော့လို ပြိုင်ဘက်မျိုးကို သိပ်ပူပန်စရာမရှိပါဘူး။ ဆဲလ်တစ် ဂိုးပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

အခြားပွဲစဉ်များ

AEK လာနာကာ နှင့် FC ဇူးရစ်
ဆလားဗီးယားပရပ်ဂ် နှင့် ဘော်ဒိုး
စပါးတပ်တာနာဗာ နှင့် အန်ဒါလက်ချ်
ဒိုင်နမိုဇာဂရက် နှင့် ဖီနာဘာချီ
စပို့တင်းလစ္စဘွန်း နှင့် ကာရာဘတ်
ရက်ပစ်ဝီအန် နှင့် စပါးတပ်မော်စကို
ဘက်ဆစ်တက် နှင့် ဆက်စဘိုး
KRC ဂျန့် နှင့် မာလ်မို
အာခီဆာစပေါ် နှင့် ခရက်စ်နိုဒါ
ရန်းစ် နှင့် ယာဘလိုနက်
ဒိုင်နမိုကိဗ် နှင့် အက်စ်တာနာ
ဗီဒီယိုတန နှင့် BATE