မိမိကစားသမားများအပေါ် ၂၀၀ % ယုံကြည်သည်ဟု ပိုချက်တီနို ဆို

မိမိကစားသမားများအပေါ် ၂၀၀ % ယုံကြည်သည်ဟု ပိုချက်တီနို ဆို
Published 17 September 2018

 

Photo: Goal

ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲတွင် ရှုံးပွဲ (၂)ပွဲကြုံတွေ့ခဲ့ရသော်လည်း လက်ရှိအသင်းမှ ကစားသမားများ၏ကြိုးစားအားထုတ်မှုအပေါ် မိမိအနေဖြင့် ယုံကြည်ချက်အပြည့်အဝရှိသည်ဟု စပါးအသင်းနည်းပြ ပိုချက်တီနိုကပြောကြားခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့် ပွဲစဉ် (၄) တွင် ဝက်ဖို့ဒ်အသင်းအား (၁-၂) ဂိုး၊ ယခုတစ်ပတ် ပွဲစဉ် (၅) တွင်လီဗာပူးလ်အသင်းအား (၁-၂) ဂိုးတို့ဖြင့် ဆက်တိုက်အရေးနိမ့်ခဲ့သည်။

အသင်း၏ လက်ရှိရလဒ်များကြောင့် ဖိအားတစ်စုံတစ်ရာသက်ရောက်လာပြီလားဟု မီဒီယာသမားတစ်ဦးကမေးမြန်းခဲ့ရာ ပိုချက်တီနိုက "ကျွန်တော့်ရဲ့လက်ရှိအခြေအနေက ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့စိုးရိမ်စရာမဖြစ်မိပါဘူး။ ကျွန်တော်တို့အသင်းဟာ ဒီရာသီအစကို ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အသင်းရဲ့အခြေအနေက ချယ်လ်ဆီး၊ လီဗာပူးလ်တို့နဲ့တော့ ကွာတာပေါ့။ကျွန်တော့်ရဲ့ကစားသမားတွေအပေါ် ကျွန်တော်ယုံကြည်မှု အပြည့်အဝရှိပါတယ်။ ၁၀၀ % တောင် မဟုတ်ပါဘူး။၂၀၀% ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။