အဝေးကွင်း (၂)ပွဲဆက်အနိုင်နဲ့ ဖိအားလျော့ခဲ့တဲ့ မန်ယူနဲ့ မော်ရင်ဟို

အဝေးကွင်း (၂)ပွဲဆက်အနိုင်နဲ့ ဖိအားလျော့ခဲ့တဲ့ မန်ယူနဲ့ မော်ရင်ဟို
Published 16 September 2018

Photo: Reuters

■ ဝက်ဖို့ဒ် ၁-၂ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၅) စနေညရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ပွဲစဉ်မှာတော့ မန်ယူအသင်းက ပထမပိုင်းသွင်းဂိုး (၂)ဂိုးနဲ့အတူ အဝေးကွင်းမှာ (၂-၁) ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ရာသီအစ (၄)ပွဲဆက်အနိုင်ရပြီး ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါအားကောင်းနေတဲ့ ဝက်ဖို့ဒ်အသင်းရဲ့ကွင်းမှာ မန်ယူအသင်းအနိုင်ယူခဲ့တာကြောင့် နည်းပြမေ်ာရင်ဟိုအတွက် ဖိအားလျော့ခဲ့တာလည်း အမှန်ပါ။

နည်းပြမော်ရင်ဟိုဟာ အဝေးကွင်းနိုင်ပွဲဆက်ဖို့အတွက် ပြီးခဲ့တဲ့ ဘန်လေအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို ဒဏ်ရာရခဲ့တဲ့ လုခ်ရှောနေရာမှာ အက်ရှ်လေယန်းတစ်ဦးသာ အပြောင်းအလဲလုပ်ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဝက်ဖို့ဒ်အသင်းကတော့ သူတို့ပုံစံကောင်းရနေတဲ့ အမာခံအစုအဖွဲ့နဲ့အတူ အိမ်ကွင်းမှာ (၅)ပွဲဆက်အနိုင်ရလဒ်အတွက် ကြိုးစားခဲ့ပါတယ်။

ပွဲအစပိုင်းမှာ မန်ယူအသင်းကစားပုံတည်ဖို့ကြိုးစားခဲ့ရပြီး၊ ဝက်ဖို့ဒ်အသင်းကတော့ လျှင်လျှင်မြန်မြန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ ဖိအားပေးဖို့ကြိုးစားခဲ့တာပါ။

Photo: PA

ပွဲအစပိုင်းမှာ ဝက်ဖို့ဒ်အသင်း အခွင့်အရေးတချို့ရခဲ့ပေမယ့် ဒီဟေးယား လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူကွင်းလယ်က ကစားကွက်စီးနိုင်ခဲ့ပြီး ဝက်ဖို့ဒ်အသင်းကိုဖိအားပေးလာနိုင်ပါတယ်။

မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၃၅) မိနစ်မှာ ဘယ်တောင်ပံက အက်ရှ်လေယန်းရဲ့ဖြတ်တင်ပေးပို့မှုကို လူကာကူ ပိတ်သွင်းရာမှာ ဗိုက်နဲ့ထိပြီး ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ လူကာကူအတွက် မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ် (၃၉) ပွဲမြောက်မှာ ဂိုး (၂၀) မြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နစ္စတယ်ရွိုင်း (၂၆)ပွဲ၊ ဗန်ပါစီ (၃၂) ပွဲတို့နောက် ပွဲအနည်းဆုံးနဲ့ ဂိုး (၂၀)ပြည့်သူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo: Reuters

ပထမဂိုးရပြီး (၃)မိနစ်အကြာမှာပဲ မန်ယူအသင်း ဒုတိယဂိုးရရှိခဲ့ပါတယ်။ ပွဲချိန် (၃၈) မိနစ်မှာ ဝက်ဖို့ဒ်အသင်းရဲ့ (၁၈)ကိုက်စည်းအတွင်း ဖယ်လေနီရဲ့ ခေါင်းတိုက်ချပေးမှုကို (၆) ကိုက်စည်းထဲမှာရှိနေတဲ့ စမောလင်းက ရင်ဘတ်နဲ့တစ်ချက်ထိန်းပြီး လှလှပပ ကန်သွင်းယူသွားခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ပေါ့ဘာ အခွင့်အရေးရခဲ့ပေမယ့် ဝက်ဖို့ဒ်ဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူအသင်းက (၂-ဝ) ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဝက်ဖို့ဒ်အသင်းက အပြောင်းအလဲတွေနဲ့အတူ ချေပဂိုးတွေရရှိဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့လည်း မန်ယူအသင်းရဲ့ ခံစစ်ပိုင်းနဲ့ ဂိုးသမား ဒီဟေးယားတို့ကို မကျော်နိုင်ခဲ့တာကြောင့် ဝက်ဖို့ဒ်ရဲ့ကြိုးစားမှုတွေဟာ အရာမရောက်ခဲ့ပါဘူး။

ဝက်ဖို့ဒ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲချိန် (၆၅) မိနစ်မှာ ဒိုကူရေးရဲ့ပေးပို့မှုကနေ အန်ဒီဂရေးက သွင်းယူပေးခဲ့တာပါ။ ချေပဂိုးရသွားချိန်မှာ ဝက်ဖို့ဒ်တို့ မျှော်လင့်ချက်ရှိလာခဲ့ပြီး မန်ယူအသင်းဘက်ကို တန်ပြန်တိုက်စစ်ကနေ နောက်ထပ်ဂိုးတွေရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းကပွဲကိုအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဝက်ဖို့ဒ်အသင်းဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဟေးယားအကောင်းဆုံးပုံစံမှာရှိနေလို့ အိမ်ကွင်းမှာ (၁-၂) ဂိုးနဲ့အရှုံးပေးခဲ့ရပြီး နိုင်ပွဲဆက် မှတ်တမ်းဟာလည်း (၄)ပွဲမှာတင် ရပ်တန့်သွားခဲ့ရပါတယ်။ နာကျင်ပိုမှာ မာတစ် (၂)ဝါ (၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရကတော့ မန်ယူအတွက် နောက်လာမယ့်ပွဲစဉ်တွေမှာ ထိုးနှက်ချက် ဖြစ်လာနိုင်တယ်။

■ ယနေ့ ယှဉ်ပြိုင်သည့် ဥရောပပွဲစဉ်ရလဒ်များ

ပရီးမီးယားလိဂ်
စပါး ၁-၂ လီဗာပူးလ်
ဘုန်းမောက် ၄-၂ လက်စတာ
ချယ်လ်ဆီး ၄-၁ ကာဒစ်ဖ်
ဟတ်ဒါဖီးလ် ဝ-၁ ခရစ္စတယ်ပဲလေ့စ်
မန်စီးတီး ၃-၀ ဖူလ်ဟမ်
နယူးကာဆယ် ၁-၂ အာဆင်နယ်
ဝက်ဖို့ဒ် ၁-၂ မန်ယူ

 

လာလီဂါ
အက်သလက်တီကိုမက်ဒရစ် ၁-၁ အီဘာ
ဆိုစီဒက် ၁-၂ ဘာစီလိုနာ
ဗလင်စီယာ ဝ-၀ ဘက်တစ်
ဘီလ်ဘာအို ၁-၁ ရီးယဲလ်မက်ဒရစ်

 

စီးရီးအေ
အင်တာမီလန် ဝ-၁ ပါးမား
နာပိုလီ ၁-၀ ဖီအိုရင်တီးနား

 

ဘွန်ဒစ်လီဂါ
ဘိုင်ယန်မြူးနစ် ၃-၁ လေဗာကူဆင်
လိုက်ပ်ဇစ် ၃-၂ ဟန်နိုဗာ
မိန့်ဇ် ၂-၁ အော့စ်ဘတ်
ဝုလ်ဖ်ဘတ် ၂-၂ ဟာသာဘာလင်
ဒစ်ဆယ်ဒေါ့ဖ် ၂-၁ ဟော်ဖန်ဟင်မ်
မိုချန်ဂလာဘတ် ၂-၁ ရှော်လ်ကေး

 

လီဂူး
ကိန်း ၂-၂ လိုင်ယွန်
အာမီယန်စ် ၂-၃ လိုင်လီ
ဒီယွန်း ၁-၃ အန်ဂါစ်
မောင့်ပယ်လီယာ ၁-၁ စထရာဘိုး
တူးလူး ၁-၁ မိုနာကို

 

လိဂ်ချန်ပီယံရှစ်
ဘော်လ်တန် ၁-၂ QPR
ဘရန့်ဖို့ဒ် ၂-၀ ဝီဂန်
ဘရစ္စတိုးလ်စီးတီး ၁-၀ ရှက်ဖီးယူနိုက်တက်
ဟားလ်စီးတီး ၂-၀ အစ်ဝစ်ချ်
မီဝေါလ် ၁-၁ လိဒ်စ်
နောဝစ်ချ် ၁-၀ မစ်ဒယ်ဘရော့
ပရက်စတန် ၂-၃ ရက်ဒင်း
ရော့သာဟမ် ၁-၀ ဒါဘီ
ရှက်ဖီးဝင်းစ်ဒေး ၂-၂ စတုတ်စီးတီး
ဆွမ်ဆီး ဝ-၀ နော်တင်ဟမ်
ဘလက်ဘန်း ၁-၁ အက်စတွန်ဗီလာ

Most Read

Most Recent