မန်စီးတီးအသင်း၏အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား စတာလင်သည် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုပါက လက်ရှိလစာထက် တစ်ပတ်ပေါင်(၁၀၀၀၀၀) တိုးမြင့်ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
အသက်(၂၃)နှစ်အရွယ်ရှိ စတာလင်သည် မန်စီးတီးအသင်းနှင့်၂၀၂၀ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး တစ်ပတ်ပေါင် (၁၇၅၀၀၀) ရရှိနေသူဖြစ်ကာ ဒီဘရိုင်းနား၊ အဂွဲရိုးနှင့် မာရက်ဇ်တို့ ပြီးနောက် အသင်း၏စတုတ္ထမြောက်လစာအများဆုံးကစားသမားလည်းဖြစ်သည်။
မန်စီးတီးအသင်းတွင် လက်ရှိလစာအများဆုံးရရှိနေသည့် ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူ ဒီဘရိုင်းနားမှာ တစ်ပတ်ပေါင်(၂၈၀၀၀၀)အပြင် ပုံရိပ်အသုံးပြုခ၊ အပိုဆုကြေး စသည့်ခံစားခွင့်များပါထည့်သွင်းတွက်ချက်ပါက တစ်ပတ်ပေါင် (၃၄၂၀၀၀)အထိ ရရှိနေသူဖြစ်သည်။
မန်စီးတီးအသင်းအနေဖြင့် စတာလင်အား ၎င်းတောင်းဆိုသည့်လစာနှုန်းထားအတိုင်း စာချုပ်သစ်ချုပ်ဆိုမည်ဆိုပါက ပရီးမီးယားလိဂ်တွင် လစာအများဆုံးရရှိနေသည့် ကစားသမားစာရင်း၌ မန်ယူအသင်းတိုက်စစ်မှူး လူကာကူကိုကျော်ဖြတ်ကာ အဆင့်(၆)နေရာတွင် ရပ်တည်နိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ လစာအများဆုံးကစားသမားမှာ မန်ယူအသင်းတိုက်စစ်ကစားမား ဆန်းချက်ဇ်ဖြစ်ပြီး တစ်ပတ်ပေါင်(၃၅၀၀၀၀)ရရှိနေကာ ၎င်း၏နောက်တွင် စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်း(ပေါင် ၃၀၀၀၀၀)၊ အာဆင်နယ်အသင်းကွင်းလယ်လူ အိုဇေးလ်(ပေါင် ၃၀၀၀၀၀)၊ မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာ( ပေါင် ၂၉၀၀၀၀)နှင့် မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနား(ပေါင်၂၈၀၀၀၀)တို့က အစဉ်လိုက်ရပ်တည်လျက်ရှိသည်။
မန်စီးတီးအသင်းသည် နည်းပြဂွါဒီယိုလာကို စတင်ခန့်အပ်သည့်အချိန်မှ လက်ရှိအချိန်အထိ ကစားသမားလစာပေးချေမှုတွင် ပေါင်(၆၁.၈)သန်း တိုးမြှှုင့်ကုန်ကျခဲ့ကြောင်း သိရသည်။