အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းရား မိခင်ကလပ် လက်စတာနှင့် စာချုပ်သစ်ချုပ်ဆို

အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းရား မိခင်ကလပ် လက်စတာနှင့် စာချုပ်သစ်ချုပ်ဆို
Published 10 September 2018

လက်စတာအသင်းသည် အသင်း၏အဓိကနောက်ခံလူ မက်ဂွိုင်းရားကို (၅)နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

(၂၅)နှစ်အရွယ်ရှိ မက်ဂွိုင်းရားသည် စာချုပ်သစ်အရ လက်စတာအသင်းတွင် ၂၀၂၃ ခုနှစ်အထိ ရှိနေမည်ဖြစ်သည်။

၎င်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် အဓိကနောက်ခံလူဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့အတွင်း မန်ယူအသင်းနှင့်လည်း ကောလာဟလများစွာ ထွက်ရှိခဲ့သည်။

'' ကျွန်တော် ဒီအသင်းကို ရောက်ကတည်းက အမြဲတမ်းပြောခဲ့ပါတယ်။ အခုလည်း ကလပ်အသင်းဟာ ကျွန်တော့်အပေါ် ဘယ်လောက်ကောင်းသလဲဆိုတာ ထပ်ပြောပါမယ်'' ဟု မက်ဂွိုင်းရားက လက်စတာနှင့် စာချုပ်သစ်ချုပ်ဆိုမှုနှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်။

မက်ဂွိုင်းရားသည် ၂၀၁၇ ဇွန်လက ဟားလ်စီးတီးအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၁၇)သန်းဖြင့် လက်စတာသို့ ရောက်ရှိလာပြီး ပြီးခဲ့သည့်ရာသီက အသင်း၏အမှတ်ပေးပွဲတိုင်း လူစားလဲခဲ့ရခြင်းမရှိ ပါဝင်ကစားခဲ့ရသည်။

ထို့ပြင် ၎င်းက '' သူတို့က ကျွန်တော့်ကို ပရီးမီးယားလိဂ်မှာကစားဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးအုတ်မြစ်တစ်ခု တည်ဆောက်ပေးခဲ့ပါတယ်။ ကျွန်တော့်အပေါ် အသင်းက အကြွေးများစွာတင်ရှိနေပြီး ဒီအသင်းနဲ့ပဲ အနာဂတ် လျှောက်လှမ်းသွားပါမယ်''ဟု ပြောကြားခဲ့သည်။

မက်ဂွိုင်းရားသည် စာချုပ်သစ်အရ လက်စတာအသင်းတွက် တစ်ပတ်လစာ ပေါင်(၈၀၀၀၀)ဝန်းကျင်ခန့် ရရှိမည်ဖြစ်သည်။