မန်ယူအသင်းတွင် ခေါင်းဆောင်ပျောက်ဆုံးနေသည်ဟု ဂျွန်တယ်ရီ သုံးသပ်

မန်ယူအသင်းတွင် ခေါင်းဆောင်ပျောက်ဆုံးနေသည်ဟု ဂျွန်တယ်ရီ သုံးသပ်
Published 10 September 2018

 

Photo: Daily Mail

ချယ်လ်ဆီးအသင်းတွင် မော်ရင်ဟို နည်းပြစဉ်က အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ပြီး အောင်မြင်မှုများစွာ ရယူခဲ့သူ အင်္ဂလန်နောက်ခံလူ ဂျွန်တယ်ရီက မန်ယူအသင်းတွင် ခေါင်းဆောင်ပျောက်ဆုံးနေပြီး မော်ရင်ဟိုအနေဖြင့် ယင်းကိစ္စကို အဓိကထားဖြေရှင်းရမည်ဟု သုံးသပ်ပြောကြားခဲ့သည်။

တယ်ရီက မော်ရင်ဟိုအနေဖြင့် လမ်းပတ်၊ ဒရော့ဘာ အစရှိသောကစားသမားများကဲ့သို့ အသင်းကို ဦးဆောင်ပေးနိုင်သူကို ရှာဖွေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အသင်းတိုင်းမှာ ခေါင်းဆောင်အရည်အသွေးပြည့်ဝစွာနဲ့ အသင်းကို ဦးဆောင်ကစားတတ်သူတွေ ရှိကြပါတယ်။ ဒါပေမဲ့ လက်ရှိ မန်ယူအသင်းမှာတော့ အဲဒီလိုကစားသမားမျိုး ကျွန်တော် မတွေ့ရပါဘူး" ဟု တယ်ရီ က ပြောကြားခဲ့သည်။

ထို့ပြင် တယ်ရီက ယခုရာသီတွင် ပရီးမီးယားလိဂ် အဆင့် (၁၊ ၂၊ ၃) နေရာကို ရယူမည့်အသင်းများမှာ မန်စီးတီး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့ဖြစ်ကြောင်း၊ မန်ယူနှင့် စပါးအသင်းတို့မှာ အဆင့်(၄)နေရာကိုသာ လုယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။