UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 8 September 2018

AFP PHOTO / Philippe DESMAZES

မြောက်အိုင်ယာလန် နှင့် ဘော့စနီးယား (စနေည ရး၃၀ နာရီ)

မြောက်အိုင်ယာလန်က ခြေပြန်ကျလာတယ်။ လွန်ခဲ့တဲ့(၃)နှစ်လောက်က အသင်းကြီးတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့အသင်းက အခုအချိန်မှာတော့ အသင်းငယ်တွေကိုတောင် အနိုင်ကစားဖို့ခက်လာတာတွေ့ရတယ်။ ဘော့စနီးယားက အသင်းကောင်း တစ်သင်းဖြစ်ပြီး ဂျက်ကို၊ ယာနစ်၊ ဇူကာနိုဗစ်တို့က ဦးဆောင်ကြလိမ့်မယ်။ အဝေးကွင်းဆိုပေမယ့် ဘော့စနီးယားကိုပဲ ကြိုက်ပါတယ်။

ဆွစ်ဇာလန် နှင့် အိုက်စလန် (စနေည ၁၀း၃၀ နာရီ)

ဆွစ်ဇာလန်က ဥရောပရဲ့အလယ်အလတ်မက၊ ထိပ်တန်းမကျတဲ့အနေအထားမှာရှိပြီး၊ ခြေစွမ်းပိုင်းတော်တော်လေး တည်ငြိမ်တဲ့အသင်းပါ။ အခုအချိန်မှာ အိုက်စလန်ရဲ့ ခြေစွမ်းပိုင်းကလည်း လွန်ခဲ့တဲ့ (၄၊ ၅)နှစ်လောက်နဲ့ယှဉ်လိုက်ရင် တော်တော်လေး အားကောင်းလာတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်ကွင်းမှာ အသင်းကြီးတွေတောင် ရုန်းကန်ရလေ့ရှိပါတယ်။ ရှာကီရီ၊ ချာကာ၊ ဇူဘာ၊ ဆီဖာရိုဗစ်တို့ရဲ့ တိုက်စစ်ပိုင်းနဲ့ စုဖွဲ့မှုက အိုက်စလန်ကို အခက်တွေ့စေလိမ့်မယ်။ အိုက်စလန်က ခံစစ်ကိုအားပြုကစားမှာဖြစ်လို့ သွင်းဂိုးတွေနည်းနိုင်တယ်။

ဖင်လန် နှင့် ဟန်ဂေရီ (စနေည ၁၀း၃၀ နာရီ)

ဖင်လန်က ကစားသမားကောင်းတချို့ကို ပိုင်ဆိုင်ထားပေမယ့် ဟန်ဂေရီက ပိုကောင်းပါတယ်။ ကစားသမားတစ်ဦးချင်း အနေနဲ့ နာမည်ကြီးတွေသိပ်မပါပေမယ့် ဟန်ဂေရီက ခံစစ်နဲ့ စုစည်းမှုအားကောင်းတယ်။ ဟန်ဂေရီပဲကြိုက်တယ်။

 (Photo by Paul ELLIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

အင်္ဂလန် နှင့် စပိန် (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

စပိန်က ကမ္ဘာ့ဖလားပြိုင်ပွဲနီးမှ နည်းပြလိုပယ်တယ်ဟီနဲ့လမ်းခွဲခဲ့ခြင်းအပါအဝင် ကမ္ဘာ့ဖလားမှာ စိတ်ပျက်စရာရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ အင်္ဂလန်အသင်းကတော့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားဟာ သူတို့အတွက် အောင်မြင်မှုကြီးတစ်ခုလို့ ခံယူထားပြီး ဆောက်ဂိတ်နဲ့လည်း ကာလတိုကနေ ကာလရှည်လက်တွဲဖို့အထိဖြစ်လာခဲ့တယ်။ ပထမဆုံးပယ်နယ်တီအဆုံးအဖြတ်နိုင်ပွဲရ ဖူးခဲ့သလို၊ ဆီမီးဖိုင်နယ်အဆင့်ကိုလည်း ရှားရှားပါးပါး တက်ရောက်နိုင်ခဲ့တာ တွေ့ရတယ်။ ဒါ့အပြင် လက်ရှိအင်္ဂလန်အသင်း သား၊ လူငယ်ကစားသမားတွေရဲ့ ရင်ထဲမှာ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တာကိုလည်းတွေ့ရတယ်။ ဒီပွဲအတွက် ရွေးချယ်ထားတဲ့ လူစာရင်းတွေကိုကြည့်ရင် စပိန်အသင်းနည်းပြသစ် အင်းနရစ်က အပြောင်းအလဲလုပ်ထားတာကို တွေ့ရပြီး၊ အင်္ဂလန်ကတော့ ကမ္ဘာ့ဖလားတုန်းက အသင်းကိုပြန်အခြေပြုတည်ဆောက်ထားတယ်။ ခြေစွမ်းပိုင်းအရသက်သက်၊ ဘောလုံးပိုင်ဆိုင်မှုသက်သက်ဆိုရင်တော့ စပိန်ကိုယှဉ်နိုင်တဲ့အသင်းက ခပ်ရှားရှားပါ။ ဒါပေမဲ့ စိတ်ဓာတ်ပိုင်း၊ ခံယူချက်၊ မာကျောမှုတွေနဲ့ တွက်ရင်တော့ လက်ရှိအချိန်မှာ အင်္ဂလန်ကို ပိုကြိုက်တယ်။

(Photo by Glyn KIRK / AFP)

အက်စ်တိုးနီးယား - ဂရိ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

အက်စ်တိုးနီးယားရဲ့ ခြေအဆင့်အတန်းနဲ့ ဂရိကို ယှဉ်ကစားနိုင်ဖို့ မလွယ်ပါဘူး။ ဂရိမှာ အားကောင်းတဲ့ ကွင်းလယ်ရှိပြီး ခိုင်မာတဲ့ ကစားဟန်လည်းရှိပါတယ်။ အက်စ်တိုးနီးယားကွင်းမှာ အနိမ့်ဆုံးသရေကစားလိမ့်မယ်။

အခြားပွဲစဉ်များ

လူဇင်ဘတ် - မော်လ်ဒိုဗာ (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဘီလာရုစ် - ဆန်မာရီနို (စနေည ၁၀း၃၀ နာရီ)