မန်ယူအသင်းနှင့် စာချုပ်ကျန်ရှိနေသေးပြီး အနာဂတ်အား မည်သူမျှကြိုမသိနိုင်ဟု ပေါ့ဘာ ပြောကြား

မန်ယူအသင်းနှင့် စာချုပ်ကျန်ရှိနေသေးပြီး အနာဂတ်အား မည်သူမျှကြိုမသိနိုင်ဟု ပေါ့ဘာ ပြောကြား
Published 8 September 2018

(Photo by Franck FIFE / AFP)

မန်ယူအသင်း၏ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာက မိမိအနေ ဖြင့် မန်ယူအသင်းနှင့် စာချုပ်ကျန်ရှိနေသေး ပြီး အနာဂတ်အား မည်သူမျှကြိုတင်မသိနိုင် ကြောင်း ထုတ်ဖော်ပြောကြားသည်။

ပေါ့ဘာသည် ပြီးခဲ့သည့်ရာသီက နည်းပြ မော်ရင်ဟိုနှင့် ဆက်ဆံရေးအဆင်မပြေသဖြင့် ပွဲထွက်စာရင်းမှချန်လှပ်ခံရခြင်း၊ ပွဲချိန်ပြည့် ကစားခွင့်မရဘဲ လူစားလဲခံရခြင်း စသည့် အခြေအနေများ ရင်ဆိုင်ခဲ့ရသည်။

ထို့ပြင် ယခုနွေရာသီ အပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းက ခေါ်ယူရန် ကြိုးပမ်း ခဲ့ပြီး ၎င်းင်းကိုယ်တိုင်ကလည်း ဇန်နဝါရီတွင် အသင်းဟောင်း ဂျူဗင်တပ်စ်သို့ ပြန်လည် ပြောင်းရွှေ့လိုကြောင်း အသင်းတာဝန်ရှိသူ များထံ အသိပေးထားသည်ဟု ဗြိတိန်၊ အီ တလီနှင့် စပိန်သတင်းဌာနများက ဖော်ပြ လျက်ရှိသည်။

သို့ဖြစ်ရာ စက်တင်ဘာ ၆ ရက် က UEFA Nations League ပွဲစဉ်အဖြစ် ဂျာမနီအသင်းနှင့်ကစားသည့်ပွဲမတိုင်မီ မီဒီ ယာများက ၎င်း၏အနာဂတ်အခြေအနေအား မေးမြန်းရာ ပေါ့ဘာက ''လောလောဆယ် တော့ ကျွန်တော့်အနာဂတ်က မန်ချက်စတာ မှာပါပဲ။ စာချုပ်ကလည်း သက်တမ်းကျန်ပါ သေးတယ်။ အခုလောလောဆယ်တော့ ဒီမှာပဲ ကျွန်တော်ကစားနေပါတယ်။ ဒါပေမဲ့ နောက် ထပ်လနည်းနည်းကြာရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ''ဟု ဖြေကြားသည်။

(Photo by FRANCK FIFE / AFP)

ထို့ ပြင် မော်ရင်ဟိုနှင့်ဆက်ဆံရေးအခြေအနေ အကြောင်း မေးမြန်းမှုကို ပေါ့ဘာက ''ကျွန် တော်တို့ကြားမှာ နည်းပြနဲ့ ကစားသမား ဆက် ဆံရေးရှိပါတယ်။ သေချာတာတစ်ခုကတော့ နည်းပြဘယ်သူပဲဖြစ်ဖြစ် ယူနိုက်တက်အတွက် ၁၀၀ ရာခိုင်နှုန်း ပေးဆပ်သွားမှာပါ။ ဒီထက် ပိုပြီးတော့ မပြောနိုင်ပါဘူး''ဟု ပြောကြားသည်။

ဂျာမနီအသင်းနှင့်ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း ၎င်းက ''အပြောင်း အရွှေ့အကြောင်းတွေပြောနေတာ ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်က ပြန်လာတဲ့အချိန် နောက်ကျလို့ ကြံ့ခိုင်မှုကောင်းမွန်လာအောင် ပဲ ကြိုးစားနေပါတယ်။ ကိုယ့်အလုပ်ပဲ ကိုယ် လုပ်နေပါတယ်''ဟု ပြောကြားသည်။

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် အသင်းသည် Nations League အဖွင့်ပွဲစဉ် အဖြစ် ဂျာမနီအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင် ကစားရာ ဂိုးမရှိသရေကျခဲ့သည်။