ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Published 27 August 2018

 

မန်ယူ နှင့် စပါး (အင်္ဂါနံနက် ၁း၃၀ နာရီ)

မန်ယူက ပင်ကိုကစားဟန်တောင်မရှိဘူး။ ကြုံသလိုကစားတဲ့ပုံစံမျိုးဖြစ်နေတယ်။ ဘရိုက်တန်၊ လက်စတာတို့နဲ့ ကစားခဲ့တဲ့ (၂)ပွဲစလုံးမှာ မန်ယူရဲ့ခံစစ်နဲ့ တိုက်စစ်က ဟန်ချက်မညီခဲ့ဘူး။ ကွင်းလယ်က မဆိုးဘူးလို့ ပြောလို့ရပေမယ့် အကန့်အသတ်ရှိတယ်။ အရေးမပါတဲ့ Normal Passing တွေနဲ့ ဘောလုံးပိုင်ဆိုင်မှုယူထားသလိုဖြစ်နေပြီး Key Passes တွေ မထွက်ဘူး၊ Chances Created တွေ မလုပ်နိုင်ဘူး။ အထူးသဖြင့် ဒီလိုပြဿနာတွေက အဝေးကွင်းပွဲစဉ်တွေမှာ ပုံမှန်လိုလို ကြုံရတဲ့ အမှားမျိုးတွေလည်းဖြစ်တယ်။ ဒါပေမဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ မန်ယူကစားတာ အားကောင်းပါတယ်။ အထူးသဖြင့် အသင်းကြီးတွေနဲ့ ကစားရင် ပိုကောင်းတာကို တွေ့ရတယ်။ လက်ရှိအချိန်မှာ ညံ့နေတာက သူတို့အသင်းဖြစ်သင့်တဲ့အနေအထားနဲ့ ယှဉ်ရင် ဖြစ်မလာသေးတာမျိုးနဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ကို ဝိုင်းချီးကျူးနေတဲ့အချိန်မှာ ပြသနေတဲ့ခြေစွမ်းကြောင့်သာ ဖြစ်တယ်။ ဘရိုက်တန်ကို ရှုံးရုံနဲ့ ကမ္ဘာပျက်သွားတာမျိုးတော့မဟုတ်ဘူး။ စပါးက (၂)ပွဲစလုံး နိုင်ခဲ့တယ်။ (၂)ပွဲ စလုံး အကောင်းဆုံးပုံစံတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ပိုကောင်းလာနိုင်သေးတယ်။ မော်ရာ၊ အဲရစ်ဆင်၊ ကိန်း၊ အယ်လီတို့က မန်ယူကို ဒုက္ခပေးနိုင်သူတွေဖြစ်တယ်။ ဒါပေမဲ့ မန်ယူသရေတော့ရနိုင်ပါတယ်။

Photo : Soccerway