အိုလံပစ်ချန်ပီယံ စကူးလင်း ဆီးဂိမ်းစ်၌ယှဉ်ပြိုင်သည့်ပြိုင်ပွဲအားလုံး ရွှေတံဆိပ်ရရှိ

အိုလံပစ်ချန်ပီယံ စကူးလင်း ဆီးဂိမ်းစ်၌ယှဉ်ပြိုင်သည့်ပြိုင်ပွဲအားလုံး ရွှေတံဆိပ်ရရှိ
Published 28 August 2017

photo - Globe

ရီယိုအိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နာမည်ကြီး စင်ကာပူရေကူးသမား ဂျိုးဆက် စကူးလင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ် ပြိုင်သည့်ခြောက်ပွဲစလုံး ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ရီယိုအိုလံပစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် နာမည်ကြီး စင်ကာပူရေကူးသမား ဂျိုးဆက် စကူးလင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ် ပြိုင်သည့်ခြောက်ပွဲစလုံး ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ်ရှိ စကူးလင်း သည် မီတာ ၁၀၀ စိတ်ကြိုက်ကူး၊ မီတာ ၅၀ လိပ်ပြာကူး၊ မီတာ ၁၀၀ လိပ်ပြာကူး၊ (၄_၁၀၀) မီတာ စိတ်ကြိုက်ကူး၊ (၄_၂၀၀) မီတာ စိတ် ကြိုက်ကူးနှင့် (၄_၁၀၀) မီတာ အလွတ်ကူး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ အားလုံး၌ ရွှေတံဆိပ်ရယူနိုင်ခဲ့သလို မီတာ ၅၀ နှင့် မီတာ ၁၀၀ လိပ်ပြာကူး၊ (၄_၁၀၀) မီတာ စိတ်ကြိုက်ကူးနှင့် အလွတ်ကူးပြိုင်ပွဲ များ၌ ဆီးဂိမ်းစ်ပြိုင်ပွဲ စံချိန်သစ်များရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။

စကူးလင်းသည် ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်ပြိုင်ပွဲ မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲတွင် အမေရိကန်ဂန္ထဝင် ကစားသမား မိုက်ကယ်ဖဲလ်ကိုကျော်ဖြတ်၍ ရွှေတံဆိပ်ရယူနိုင်ခဲ့သူဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ  လေးကြိမ်တွင် ရွှေတံဆိပ် ၂၃ ခု၊ ငွေတံဆိပ် တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိထားသည်။