မက်ဆီ အနားယူသွားပါက အာဂျင်တီးနားအသင်း (၃)နှစ်အတွင်း နိုင်ပွဲရမည်မဟုတ်ဟု စတွိုက်ကော့ဗ် ဆို

မက်ဆီ အနားယူသွားပါက အာဂျင်တီးနားအသင်း (၃)နှစ်အတွင်း နိုင်ပွဲရမည်မဟုတ်ဟု စတွိုက်ကော့ဗ် ဆို
Published 16 August 2018

 

Photo: beIN SPORTS

ဘာစီလိုနာဂန္ထဝင် စတွိုက်ကော့ဗ်က မက်ဆီအနားယူသွားပါက အာဂျင်တီးနားအသင်း (၃)နှစ်အတွင်း နိုင်ပွဲ(၁)ပွဲမှ ရမည်မဟုတ်ဟု ပြောကြားခဲ့သည်။

၎င်းက "မက်ဆီသာ အာဂျင်တီးနားအသင်းက နားသွားမယ်ဆိုရင် သူတို့ဟာ (၃) နှစ်အတွင်း (၁)ပွဲမှ အနိုင်ရတော့မှာ မဟုတ်ပါဘူး။ အခုအာဂျင်တီးနားအသင်းက ဘယ်လိုပုံစံနဲ့ သွားချင်တယ်ဆိုတာကို တည်ဆောက်ရမှာပါ။ မက်ဆီကိုပဲ အားကိုးမှာလား။ အခြားကစားသမား (၂၂)ဦးကို အားကိုးမှာလားဆိုတာ ရွေးချယ်ရမှာပါ" ဟု ပြောကြားခဲ့သည်။

မက်ဆီ(၃၁ နှစ်)သည် အာဂျင်တီးနားအသင်းအတွက် (၁၂၈)ပွဲကစားရာ (၆၅)ဂိုးအထိ သွင်းယူထားပြီး သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

၎င်းသည် အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဒုတိယ၊ ၂၀၀၇၊ ၂၀၁၅ နှင့် ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲများတွင်လည်း ဒုတိယဆုသာ ရရှိခဲ့သည်။